ထရမ့်အစိုးရကို တရားစွဲမယ်လို့ TikTok အတည်ပြု

TikTok ဟာ အမေရိကန်မှာ လုပ်ငန်းကို ပယ်ဖျက်ဖို့ မိခင်ကုမ္ပဏီ ByteDance အပေါ် တောင်းဆိုတဲ့ အမိန့်ကြော်ငြာစာနဲ့ ပတ်သက်ပြီး ထရမ့်အစိုးရကို တရားစွဲသွားမယ်လို့ အတည်ပြုသွားပါတယ်။ TikTok အနေနဲ့ တရားရေးဆိုင်ရာ ကိစ္စတွေ လုပ်ကိုင်မယ်ဆိုတာ အတည်ပြုလိုက်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အခုကိစ္စနဲ့ပတ်သက်ပြီး ကောလာဟလထွက်နေတာ ရက်သတ္တပတ်အနည်းငယ်ရှိပါပြီ။

“အစိုးရ စိုးရိမ်တဲ့ကိစ္စအပေါ် ကျွန်တော်တို့က လုံးဝ သဘောတူညီတာတောင် တစ်နှစ်နီးပါးလောက် အပြုသဘောဆောင်တဲ့ ဖြေရှင်းချက် ထောက်ပံ့ဖို့ ယုံကြည်မှုရှိရှိနဲ့ ရှာဖွေခဲ့ပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတာက အစိုးရအဖွဲ့က အချက်အလက်တွေကို ဂရုမစိုက်ဘဲ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေအကြား ညှိနှိုင်းမှုအတွင်း အတင်းဝင်ရောက်လာပါတယ်” လို့ TikTok ပြောရေးဆိုခွင့်ရှိသူ ဂျို့ဂါ့နာကပြောခဲ့ပါတယ်။

ဩဂုတ် ၆ ရက်မှာ အမေရိကန်သမ္မတထရမ့်ကတော့ ByteDance နဲ့ အရောင်းအဝယ်လုပ်မှု အားလုံးကို အမိန့်ကြော်ငြာစာနဲ့ ပိတ်ပင်လိုက်ပါတယ်။ အဲဒီအမိန့်ကြော်ငြာစာကတော့ နိုင်ငံတကာအရေးပေါ် စီးပွားရေးစွမ်းရည် အက်ဥပဒေနဲ့ နိုင်ငံတော်အရေးပေါ် အက်ဥပဒေကို ကိုးကားထားပါတယ်။

အမိန့်ကြော်ငြာစာက ၄၅ ရက်အတွင်း သက်ရောက်မှုရှိပါမယ်။ ဩဂုတ် ၁၄ ရက်မှာတော့ သမ္မတက နောက်ထပ်အမိန့်ကြော်ငြာစာတစ်ခုကို လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီအမိန့်ကြော်ငြာစာကြောင့် ByteDance ဟာ အမေရိကန်မှာ TikTok ကိုရောင်းချတာ မဟုတ်ဘဲ လက်ခွဲတည်ထောင်ဖို့ ရက် ၉၀ အချိန်ရပါတယ်။

-စိုးထက်
Ref: TheVerge

>>> စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ

အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင်

ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747

ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ <<<