တရုတ် e-commerce ကုမ္ပဏီကြီး JD.com မှာ ဒေါ်လာ သန်း ၅၅၀ ရင်းနှီးမြှုပ်နှံမယ့် Google

အမေရိကန် အင်တာနက်ကုမ္ပဏီကြီး Google ဟာ အလျင်အမြန်တိုးတက်နေတဲ့ အာရှဈေးကွက်ကို ချဲ့ထွင်ဖို့နဲ့ Amazon.com အပါအဝင် ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ် e-commerce ကုမ္ပဏီကြီး JD.comမှာ ဒေါ်လာ သန်း ၅၅၀ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုဟာ ကျယ်ပြောတဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ပြီး Google ရဲ့ ဈေးဝယ်ဝန်ဆောင်မှုပေါ်မှာ JD.com ထုတ်ကုန်တွေကို ရောင်းချသွားမယ့် အစီအစဉ် ပါဝင်မှာဖြစ်တယ်လို့ ကုမ္ပဏီနှစ်ခုစလုံးက ပြောကြားခဲ့ပါတယ်။ ဒါဟာ JD.com က တရုတ်နဲ့ အရှေ့တောင်အာရှကနေ ချဲ့ထွင်ဖို့နဲ့ အမေရိကန်နဲ့ ဥရောပဈေးကွက်တွေမှာ အဓိပ္ပာယ်ရှိစွာ ရပ်တည်ဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။



-နောင်နောင်
Ref: Reuters

အမေရိကန် အင်တာနက်ကုမ္ပဏီကြီး Google ဟာ အလျင်အမြန်တိုးတက်နေတဲ့ အာရှစျေးကွက်ကို ချဲ့ထွင်ဖို့နဲ့ Amazon.com အပါအဝင် ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ် e-commerce ကုမ္ပဏီကြီး JD.com မှာ ဒေါ်လာ သန်း ၅၅၀ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုဟာ ကျယ်ပြောတဲ့ ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ပြီး Google ရဲ့ စျေးဝယ်ဝန်ဆောင်မှုပေါ်မှာ JD.com ထုတ်ကုန်တွေကို ရောင်းချသွားမယ့် အစီအစဉ် ပါဝင်မှာဖြစ်တယ်လို့ ကုမ္ပဏီနှစ်ခုစလုံးက ပြောကြားခဲ့ပါတယ်။ ဒါဟာ JD.com က တရုတ်နဲ့ အရှေ့တောင်အာရှကနေ ချဲ့ထွင်ဖို့နဲ့ အမေရိကန်နဲ့ ဥရောပစျေးကွက်တွေမှာ အဓိပ္ပာယ်ရှိစွာ ရပ်တည်ဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

JD.com ရဲ့ ရင်းနှီးမြှုပ်နှံသူတွေထဲမှာ တရုတ်လူမှုမီဒီယာ ကုမ္ပဏီကြီး Tencent Holding Ltd, တရုတ် e-commerce မှာ ဦးဆောင်နေတဲ့ Alibaba Group Holding Ltd နဲ့ Walmart Inc တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ပြင်သစ် လက်လီအရောင်းကုမ္ပဏီကြီး Carrefour SA နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Google ဟာ အလယ်အလတ် လူတန်းစား တစ်ဟုန်ထိုးမြင့်တက်နေပြီး လက်လီအရောင်း၊ ဘဏ္ဍာရေးနဲ့ အခြားနယ်ပယ်တွေမှာ အခြေခံအဆောက်အအုံတစ်ခု မရှိတဲ့ အာရှတစ်ဝန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေပါတယ်။ Google ဟာ အင်ဒိုနီးရှား အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီ Go-Jek မှာလည်း မကြာသေးခင်က ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့သလို အိန္ဒိယ e-commerce ကုမ္ပဏီကြီး Flipkart မှာလည်း ရင်းနှီးမြှုပ်နှံသွားဖွယ်ရှိတယ်လို့ Reuters က ဖော်ပြခဲ့ပါတယ်။

-နောင်နောင်
Ref: Reuters