တ႐ုတ္ႏိုင္ငံမွေပးအပ္သည့္ China Development Bank Scholarship 2018 Master Program ပညာသင္ဆုမ်ား ေခၚယူ

တ႐ုတ္ႏိုင္ငံကေပးအပ္တဲ့ ၂၀၁၈ ပညာသင္ဆုအတြက္ China Development Bank Scholarship 2018: Master Program ပညာသင္ဆုေတြ ေခၚယူေနၿပီျဖစ္တဲ့အတြက္ သက္ဆိုင္ရာ Website မွ တစ္ဆင့္ ေလွ်ာက္ထားႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

ေလွ်ာက္ထားႏိုင္တဲ့ဘာသာရပ္ေတြကေတာ့ (၁) Chinese Language Program နဲ႔ (၂) Master Program for University of International Business and Economics (UIBE) ဘာသာရပ္မ်ားကုိ ေလွ်ာက္ထားႏိုင္ပါတယ္။ ပညာသင္ဆုမ်ားကုိ သတ္မွတ္ အရည္အခ်င္းေတြနဲ႔ ကိုက္ညီတဲ့ ဝန္ထမ္းမ်ား ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။ ပညာသင္ဆုမ်ား ေလွ်ာက္ထားရန္ စိတ္ပါဝင္စားပါက အေသးစိတ္အခ်က္အလက္ေတြကို ဒီေနရာမွ ဝင္ေရာက္ေလ့လာႏိုင္ၿပီး အသင္းခ်ဳပ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ေလွ်ာက္ထားရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ခြင့္ျပဳခ်က္ရယူလိုပါက UMFCCI အသင္းခ်ဳပ္၊ အမႈေဆာင္အရာရွိခ်ဳပ္ထံလိပ္မူၿပီး ကိုယ္တိုင္ေရးေလွ်ာက္လႊာ ၁ ေစာင္၊ ဓာတ္ပံု ၁ ပံု၊ အသင္းဝင္ကတ္မိတၱဴ၊ မွတ္ပံုတင္မိတၱဴတို႔ကို ပူးတြဲကာ အသင္းခ်ဳပ္ႏွင့္ ညီေနာင္အသင္းမ်ားမွ အမႈေဆာင္၊ ဝန္ထမ္း၊ အသင္းခ်ဳပ္၊ အသင္းဝင္ကုမၸဏီမ်ားမွ အဖြဲ႕ဝင္ (သို႔) ဝန္ထမ္းျဖစ္ေၾကာင္း ေထာက္ခံစာတို႔နဲ႔အတူ Website မွာပါရွိတဲ့ သတ္မွတ္ရက္ထက္ ေနာက္မက်ဘဲ ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။

အေသးစိတ္သိရွိလိုပါက UMFCCI HRD ဌာန၊ ဖုန္း ၀၁-၂၃၁၄၃၄၄-၄၉၊ လိုင္းခြဲ ၁၃၃၊ ၁၃၄ သို႔ ဆက္သြယ္ စံုစမ္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

တရုတ်နိုင်ငံကပေးအပ်တဲ့ ၂၀၁၈ ပညာသင်ဆုအတွက် China Development Bank Scholarship 2018: Master Program ပညာသင်ဆုတွေ ခေါ်ယူနေပြီဖြစ်တဲ့အတွက် သက်ဆိုင်ရာ Website မှ တစ်ဆင့် လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားနိုင်တဲ့ဘာသာရပ်တွေကတော့ (၁) Chinese Language Program နဲ့ (၂) Master Program for University of International Business and Economics (UIBE) ဘာသာရပ်များကို လျှောက်ထားနိုင်ပါတယ်။ ပညာသင်ဆုများကို သတ်မှတ် အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ ဝန်ထမ်းများ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ ပညာသင်ဆုများ လျှောက်ထားရန် စိတ်ပါဝင်စားပါက အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှ ဝင်ရောက်လေ့လာနိုင်ပြီး အသင်းချုပ်ရဲ့ ခွင့်ပြုချက်နဲ့ လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ခွင့်ပြုချက်ရယူလိုပါက UMFCCI အသင်းချုပ်၊ အမှုဆောင်အရာရှိချုပ်ထံလိပ်မူပြီး ကိုယ်တိုင်ရေးလျှောက်လွှာ ၁ စောင်၊ ဓာတ်ပုံ ၁ ပုံ၊ အသင်းဝင်ကတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲကာ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်၊ ဝန်ထမ်း၊ အသင်းချုပ်၊ အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နဲ့အတူ Website မှာပါရှိတဲ့ သတ်မှတ်ရက်ထက် နောက်မကျဘဲ လျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက UMFCCI HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄-၄၉၊ လိုင်းခွဲ ၁၃၃၊ ၁၃၄ သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ဝေဝေ