တ႐ုတ္ႏိုင္ငံက စမတ္ဖုန္းစက္႐ံုကို ပိတ္သိမ္းသြားဖြယ္ရိွတဲ့ Samsung

[Zawgyi]

တ႐ုတ္စမတ္ဖုန္းေစ်းကြက္မွာ ခက္ခဲတဲ့ယွဥ္ၿပိဳင္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ Samsung ဟာ ေရာင္းအားက်ဆင္းမႈနဲ႔ အလုပ္သမားစရိတ္ျမင့္တက္မႈတို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံထဲက စမတ္ဖုန္းစက္႐ံုႏွစ္ခုထဲက တစ္ခုကို ပိတ္သိမ္းသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ကုမၸဏီအေနနဲ႔ တ႐ုတ္ေျမာက္ပိုင္း၊ တီယန္က်င္းမွာရိွတဲ့ Tianjin Samsung Telecommunication (TSTC) စက္႐ံု လည္ပတ္မႈေတြကို အေစာဆံုး လာမယ့္ႏွစ္မွာ ပိတ္သိမ္းသြားဖို႔ ေမွ်ာ္မွန္းထားပါတယ္။

Samsung အေနနဲ႔ တီယန္က်င္းကေန ေအာ္ဒါေတြကို ထပ္ၿပီးလက္ခံေတာ့မွာမဟုတ္ေၾကာင္းနဲ႔ ဒါဟာ အဲ့ဒီစက္႐ံုရဲ႕ထုတ္လုပ္မႈကို ရပ္ဆိုင္းထားတဲ့ အဓိပၸာယ္ျဖစ္တယ္လို႔ သတင္းရင္းျမစ္တစ္ခုက ETNEws ထံ ေျပာၾကားခဲ့ပါတယ္။

တီယန္က်င္းမွာရိွတဲ့ စက္႐ံုကို ၂၀၀၁ ခုႏွစ္က တည္ေထာင္ခဲ့တာျဖစ္ပါတယ္။ အဲ့ဒီစက္႐ံုဟာ Samsung ရဲ႕ ကမ႓ာတစ္ဝန္းထုတ္လုပ္မႈအတြက္ အခ်က္အခ်ာအျဖစ္ အေရးပါတဲ့အခန္းက႑ကေန ပါဝင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ တ႐ုတ္ျပည္တြင္းေစ်းကြက္ရဲ႕ ဝယ္လိုအား က်ဆင္းလာမႈေၾကာင့္ ထုတ္လုပ္တဲ့စက္႐ံုေတြကို ဗီယက္နမ္လို ဖြံ႕ၿဖိဳးဆဲေစ်းကြက္ေတြမွာ ေရႊ႕ေျပာင္းခဲ့ပါတယ္။

အမည္မေဖာ္လိုတဲ့ Samsung အမႈေဆာင္တစ္ဦးကေတာ့ “တီယန္က်င္းစက္႐ံုက ထုတ္လုပ္မႈေတြကို ေလွ်ာ့ခ်ေနပါတယ္။ အနာဂတ္မွာလည္း ဒီလိုေလွ်ာ့ခ်မႈမ်ိဳး ဆက္လက္ျပဳလုပ္သြားမွာပါ။ စက္႐ံုကိုပိတ္သိမ္းဖို႔ေတာ့ မဆံုးျဖတ္ရေသးပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

Ref: SamMobile

-ေနာင္ေနာင္

[Unicode]

တရုတ်စမတ်ဖုန်းစျေးကွက်မှာ ခက်ခဲတဲ့ယှဉ်ပြိုင်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ Samsung ဟာ ရောင်းအားကျဆင်းမှုနဲ့ အလုပ်သမားစရိတ်မြင့်တက်မှုတို့ကြောင့် တရုတ်နိုင်ငံထဲက စမတ်ဖုန်းစက်ရုံနှစ်ခုထဲက တစ်ခုကို ပိတ်သိမ်းသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ တရုတ်မြောက်ပိုင်း၊ တီယန်ကျင်းမှာရှိတဲ့ Tianjin Samsung Telecommunication (TSTC) စက်ရုံ လည်ပတ်မှုတွေကို အစောဆုံး လာမယ့်နှစ်မှာ ပိတ်သိမ်းသွားဖို့ မျှော်မှန်းထားပါတယ်။

Samsung အနေနဲ့ တီယန်ကျင်းကနေ အော်ဒါတွေကို ထပ်ပြီးလက်ခံတော့မှာမဟုတ်ကြောင်းနဲ့ ဒါဟာ အဲ့ဒီစက်ရုံရဲ့ထုတ်လုပ်မှုကို ရပ်ဆိုင်းထားတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ETNEws ထံ ပြောကြားခဲ့ပါတယ်။

တီယန်ကျင်းမှာရှိတဲ့ စက်ရုံကို ၂၀၀၁ ခုနှစ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီစက်ရုံဟာ Samsung ရဲ့ ကမ႓ာတစ်ဝန်းထုတ်လုပ်မှုအတွက် အချက်အချာအဖြစ် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တရုတ်ပြည်တွင်းစျေးကွက်ရဲ့ ဝယ်လိုအား ကျဆင်းလာမှုကြောင့် ထုတ်လုပ်တဲ့စက်ရုံတွေကို ဗီယက်နမ်လို ဖွံ့ဖြိုးဆဲစျေးကွက်တွေမှာ ရွှေ့ပြောင်းခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ Samsung အမှုဆောင်တစ်ဦးကတော့ “တီယန်ကျင်းစက်ရုံက ထုတ်လုပ်မှုတွေကို လျှော့ချနေပါတယ်။ အနာဂတ်မှာလည်း ဒီလိုလျှော့ချမှုမျိုး ဆက်လက်ပြုလုပ်သွားမှာပါ။ စက်ရုံကိုပိတ်သိမ်းဖို့တော့ မဆုံးဖြတ်ရသေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

Ref: SamMobile

-နောင်နောင်