တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ 2018 MOFCOM Scholarship ပညာသင္ဆုအတြက္ ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ 2018 MOFCOM Scholarship ပညာသင္ဆုအတြက္ ေလွ်ာက္လႊာမ်ား ေခၚယူေနၿပီလို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္က သိရပါတယ္။

ပညာသင္ဆုမ်ားသို႔ အဂၤလိပ္စာအရည္အခ်င္း IELTS 6.0 နဲ႔အထက္ (သို႔မဟုတ္) Chinese: HSK level 4 (score 180) နဲ႔အထက္ ရရွိရမွာျဖစ္ၿပီး အသက္ (၄၅) ႏွစ္ေအာက္ မည္သူမဆို ေလွ်ာက္ထားႏုိင္တယ္လို႔ သိရပါတယ္။ ေလွ်ာက္ထားသူေတြအေနနဲ႔ အနိမ့္ဆံုး ဘြဲ႕တစ္ခုခု ရရွိရမွာျဖစ္ၿပီး ကုန္သည္စက္မႈအသင္းခ်ဳပ္ CEC/EC မ်ား၊ လုပ္ငန္းအေတြ႕အႀကံဳ ၃ ႏွစ္နဲ႔အထက္ရွိတဲ့ ဝန္ထမ္းမ်ား၊ ညီေနာင္အသင္းမ်ားရဲ႕ CEC/EC မ်ားနဲ႔ ကုန္သည္စက္မႈအသင္းခ်ဳပ္ အသင္းဝင္ကုမၸဏီမ်ားမွ အရာထမ္းမ်ား ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။

အသင္းခ်ဳပ္အမႈေဆာင္အရာရွိခ်ဳပ္ထံ လိပ္မူကာ ကိုယ္တိုင္ေရးေလွ်ာက္လႊာ ၁ ေစာင္၊ ဓာတ္ပံု၊ အသင္းဝင္ကတ္မိတၱဴတို႔ကို ပူးတြဲၿပီး အသင္းခ်ဳပ္နဲ႔ ညီေနာင္အသင္းမ်ားမွ CEC/EC/ဝန္ထမ္းျဖစ္ေၾကာင္း ေထာက္ခံစာတို႔နဲ႔ အတူ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ေလွ်ာက္ထားလိုသူေတြ အေနနဲ႔ ဒီေနရာမွာ ဝင္ေရာက္ေလ့လာ ႏိုင္သလို ဇြန္လ ၂၀ ရက္ ေနာက္ဆုံးထား ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ အေသးစိတ္သိရွိလိုပါက HRD ဌာန၊ ဖုန္း ၀၁-၂၃၁၄၃၄၄- ၄၉၊ လိုင္းခြဲ- ၁၃၃၊ ၁၃၄ သို႔ ဆက္သြယ္စံုစမ္းႏုိင္ပါတယ္။

-ေဝေဝ

==========

[ Unicode ]

တရတ်ပြည်သူ့ သမ္မတနိုင်ငံ 2018 MOFCOM Scholarship ပညာသင်ဆုအတွက် လျှောက်လွှာခေါ်ယူ

==========

တရုတ်ပြည်သူ့သမ္မတနိုင်ငံ 2018 MOFCOM Scholarship ပညာသင်ဆုအတွက် လျှောက်လွှာများ ခေါ်ယူနေပြီလို့ ကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။

ပညာသင်ဆုများသို့ အင်္ဂလိပ်စာအရည်အချင်း IELTS 6.0 နဲ့အထက် (သို့မဟုတ်) Chinese: HSK level 4 (score 180) နဲ့အထက် ရရှိရမှာဖြစ်ပြီး အသက် (၄၅) နှစ်အောက် မည်သူမဆို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ လျှောက်ထားသူတွေအနေနဲ့ အနိမ့်ဆုံး ဘွဲ့တစ်ခုခု ရရှိရမှာဖြစ်ပြီး ကုန်သည်စက်မှုအသင်းချုပ် CEC/EC များ၊ လုပ်ငန်းအတွေ့အကြုံ ၃ နှစ်နဲ့အထက်ရှိတဲ့ ဝန်ထမ်းများ၊ ညီနောင်အသင်းများရဲ့ CEC/EC များနဲ့ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ အရာထမ်းများ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

အသင်းချုပ်အမှုဆောင်အရာရှိချုပ်ထံ လိပ်မူကာ ကိုယ်တိုင်ရေးလျှောက်လွှာ ၁ စောင်၊ ဓာတ်ပုံ၊ အသင်းဝင်ကတ်မိတ္တူတို့ကို ပူးတွဲပြီး အသင်းချုပ်နဲ့ ညီနောင်အသင်းများမှ CEC/EC/ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာတို့နဲ့ အတူ လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေ အနေနဲ့ ဒီနေရာမှာ ဝင်ရောက်လေ့လာ နိုင်သလို ဇွန်လ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄- ၄၉၊ လိုင်းခွဲ- ၁၃၃၊ ၁၃၄ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ဝေဝေ