တ႐ုတ္ကို Google ျပန္ဝင္မယ္ဆိုတဲ့ သတင္းေတြက သတင္းမွားသာျဖစ္

[ Zawgyi ]

Google က တ႐ုတ္ႏိုင္ငံထဲ ျပန္ဝင္ဖို႔ စီစဥ္ေနတယ္ဆိုတဲ့ သတင္းေတြကို အစိုးရပိုင္မီဒီယာက ျငင္းဆိုလိုက္ပါတယ္။

အေမရိကန္ သတင္းဆိုက္ The Intercept က Google ဟာ တ႐ုတ္ႏိုင္ငံမွာ စိစစ္တားျမစ္ခံထားရတဲ့ ကုမၸဏီရဲ႕ search engine နဲ႔အတူ ေနာက္ကိုးလအတြင္း တ႐ုတ္ web search ေစ်းကြက္ထဲ ျပန္လည္ဝင္ေရာက္ဖို႔ စီစဥ္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့လည္း အစိုးရပိုင္မီဒီယာျဖစ္တဲ့ China Securities Daily က အဆိုပါသတင္းေတြဟာ မမွန္ကန္ေၾကာင္း တ႐ုတ္အစိုးရရဲ႕ သက္ဆိုင္ရာဌာနေတြက အခ်က္အလက္ေတြကို ကိုးကားၿပီး ေျပာၾကားခဲ့ပါတယ္။

Google ဟာ တ႐ုတ္အစိုးရနဲ႔ ခ်ိတ္ဆက္ထားတယ္လို႔ ယူဆရတဲ့ ဟက္ကာေတြရဲ႕ တိုက္ခိုက္မႈေတြကို တံု႔ျပန္တဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံအတြင္း ကုမၸဏီရဲ႕ search ဝန္ေဆာင္မႈေတြကို ၂၀၁၀ ခုႏွစ္မွာ ရပ္ဆိုင္းခဲ့ပါတယ္။

Ref: TechInAsia

[ Unicode ]

Google က တရုတ်နိုင်ငံထဲ ပြန်ဝင်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေကို အစိုးရပိုင်မီဒီယာက ငြင်းဆိုလိုက်ပါတယ်။

အမေရိကန် သတင်းဆိုက် The Intercept က Google ဟာ တရုတ်နိုင်ငံမှာ စိစစ်တားမြစ်ခံထားရတဲ့ ကုမ္ပဏီရဲ့ search engine နဲ့အတူ နောက်ကိုးလအတွင်း တရုတ် web search စျေးကွက်ထဲ ပြန်လည်ဝင်ရောက်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့လည်း အစိုးရပိုင်မီဒီယာဖြစ်တဲ့ China Securities Daily က အဆိုပါသတင်းတွေဟာ မမှန်ကန်ကြောင်း တရုတ်အစိုးရရဲ့ သက်ဆိုင်ရာဌာနတွေက အချက်အလက်တွေကို ကိုးကားပြီး ပြောကြားခဲ့ပါတယ်။

Google ဟာ တရုတ်အစိုးရနဲ့ ချိတ်ဆက်ထားတယ်လို့ ယူဆရတဲ့ ဟက်ကာတွေရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံအတွင်း ကုမ္ပဏီရဲ့ search ဝန်ဆောင်မှုတွေကို ၂၀၁၀ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။

Ref: TechInAsia