တွင်ကျယ်လာသော GIS နည်းပညာအသုံးချမှုများ ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ တွင်ကျယ်လာသော GIS နည်းပညာအသုံးချမှုများ ခေါင်းစဉ်နဲ့ ဟောပြောပွဲကို အောက်တိုဘာ ၂၃ ရက်၊ နေ့လယ် ၂ နာရီမှ ၃:၃၀ အထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာ ဦးသိန်းစိုးက ဆွေးနွေးပြောကြားသွားမှာ ဖြစ်ပြီး WebinarJam (Online Platform) ကို အသုံးပြုကာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ http://tiny.cc/SIG4 မှာ Register ဝင်ရောက်ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပွဲနေ့ မတိုင်မီတွင် Register ပြုလုပ်ပါက ပြုလုပ်ပြီးတာနဲ့ မိမိတို့ ထည့်သွင်းထားတဲ့ email သို့ Live Room Link ရောက်ရှိမှာဖြစ်ပါတယ်။ Live Room Link ကို ပွဲနေ့မှာနှိပ်ပြီး ပွဲသို့ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဟောပြေပွဲနေ့မှာ Register ပြုလုပ်မယ့် သူတွေကတော့ Register ပြုလုပ်ပြီးတာနဲ့ Your Webinar Link ကို တိုက်ရိုက်နှိပ်ကာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ  ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««