
လူကြိုက်များတဲ့ မြန်မာတေးသီချင်းတွေကို လွယ်ကူစွာ ရယူ ခံစားနားဆင်နိုင်မှာ ဖြစ်သလို အမျိုးအစား စုံလင်စွာနဲ့ ရွေးချယ်နိုင်မယ့် တေးသံသာ Music App ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ ဝန်ဆောင်မှုမှာ FreeUser နဲ့ Premium User ဆိုပြီး အမျိုးအစားနှစ်မျိုး ခွဲခြားသတ်မှတ်ထားပါတယ်။ Free User တွေအနေနဲ့ သတ်မှတ်ထားတဲ့ တေးသီချင်းတွေကိုသာ နားဆင်နိုင်မှာဖြစ်ပြီး Premium User တွေ အနေနဲ့ Premium account နဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တေးသီချင်းတွေကို တစ်ရက် ၉၉ ကျပ်နှုန်းနဲ့ နားဆင်ခံစားနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ အရည်အသွေးမြင့် တေးသီချင်း တွေကို download ပြုလုပ်ကာ နားဆင်နိုင်မှာဖြစ်တဲ့အပြင် Mega Stars မှ ထွက်ရှိတဲ့ အနုပညာရှင်တွေရဲ့ အထူးသီးသန့် ဂီတဗီဒီယိုစုစည်းမူတွေ၊ ဂီတဖျော်ဖြေပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုလည်း နားဆင် ခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“ဂီတအပေါ်ထားရှိတဲ့ မြတ်နိုးမှုတွေကို ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေကို မျှဝေပေးရတာ အရမ်းဝမ်းသာပျော်ရွှင်မိပါတယ်။ အခုလိုမျိုး တေးသံသာဂီတဝန်ဆောင်မှု အသစ်တစ်ခုနဲ့ မိတ်ဖက်အဖြစ် လက်တွဲ ဆောင်ရွက်လိုက်ခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ တီထွင်ဖန်တီးလိုတဲ့ မြန်မာအနုပညာရှင်တွေကို အားပေးကူညီရာရောက်သလို တေးသီချင်းချစ်သူတွေ အားလုံးကလည်း သူတို့ကြိုက်တဲ့ အဆိုတော်တွေရဲ့ ဖန်တီးမှု တေးသီချင်းတွေကို အပြည့်အဝ နားဆင်ခံစားနိုင်မယ့် အခွင့်အရေး ပေးလိုက်နိုင်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေကို အသစ်ထွက်ရှိလာတဲ့ တေးသီချင်းတွေနဲ့ ဂန္တဝင်သီချင်းတွေကို အကန့်အသတ် မရှိ နားဆင်နိုင်ခွင့် ပေးအပ်လိုက်ခြင်းက မြန်မာနိုင်ငံရဲ့ ဂီတနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို မြှင့်တင်ပေးတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations ရဲ့ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောပါတယ်။
“တေးသံသာ Music App ကို လုပ်မယ်လို့ စဉ်းစားတဲ့အခါမှာ ကိုယ်တိုင်ကလည်း အနုပညာကို ဝါသနာပါတဲ့ အချက်က အဓိက ဖြစ်ပါတယ်။ ဒါကြောင့် သူများတွေနဲ့ မတူအောင်လည်း ကြိုးစားထားပါတယ်။ ၁၀၀ ရာခိုင်နှုန်း မြန်မာနိုင်ငံသားပိုင်ဖြစ်ပြီးတော့ နိုင်ငံတကာက မြန်မာလူမျိုးတွေလည်း နားဆင်လို့ရအောင် ဆောင်ရွက်ထားပါတယ်။ ပထမဆုံးနဲ့ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT နဲ့ သီးသန့် လက်တွဲခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဒီ တေးသံသာအက်ပလီကေးရှင်းထဲမှာ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် တေးသီချင်းတွေကို တင်ဆက်ထားပါတယ်။ ထပ်ပြီးတော့လည်း အသစ်အသစ်သော ရသမျိုးစုံပေးစွမ်းနိုင်တဲ့ သီချင်းအသစ်တွေကို တင်ဆက်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်” လို့ East Boy Co., Ltd ရဲ့ CEO ဖြစ်သူ ဦးညီသူရက ပြောကြားခဲ့ပါတယ်။
Apple ဖုန်းအသုံးပြုသူတွေ အနေနဲ့ Premium ဝန်ဆောင်မှုကို မကြာမီ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ တေးသံသာအက်ပလီကေးရှင်းမှာပါဝင်တဲ့ Premium တေးသီချင်းများမှာ အခြားသော မည်သည့်ဝန်ဆောင်မှုမှာမှ မရရှိနိုင်ကြောင်း သိရပါတယ်။
Apple ဖုန်းအသုံးပြုသူတွေ အနေနဲ့ Premium ဝန်ဆောင်မှုကို မကြာမီ အသုံးပြုနိုင်မှာဖြစ် ကြောင်း၊ တေးသံသာအက်ပလီ ကေးရှင်းမှာပါဝင်တဲ့ Premium တေးသီချင်းများမှာ အခြားသော မည်သည့်ဝန်ဆောင်မှုမှာမှ မရရှိနိုင်ကြောင်း သိရပါတယ်။