တောင်သူများနှင့် လုပ်ငန်းရှင်များ ချိတ်ဆက်လုပ်ဆောင်နိုင်မည့် MRF Rice Portal Mobile Application ကို မိတ်ဆက်

ဆန်စပါးကဏ္ဍမှာပါဝင်တဲ့ တောင်သူများ၊ လုပ်ငန်းရှင်များ တစ်ဦးနဲ့ တစ်ဦး အချင်းချင်း ချိတ်ဆက်လုပ်ဆောင်နိုင်စေဖို့ ရည်ရွယ်ပြီး ဖန်တီးရေးသားထားတဲ့ MRF Rice Portal Mobile Application မိတ်ဆက်ပွဲကို ဇန်နဝါရီ ၈ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ application ကို နည်းပညာ နှင့် အရင်းအမြစ်များအသုံးချပြီး မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့ အထောက်ကူပြုစေရန် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ Portal မှာ မျိုးစေ့ရောင်းသူနဲ့ ဝယ်သူတွေ အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ Platform ဖြစ်တဲ့အတွက် အရောင်းအဝယ်နဲ့ ပတ်သက်တဲ့ကိစ္စတွေအတွက် သတင်းအချက်အလက်တွေ ရရှိနိင်မယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားခဲ့ပါတယ်။

Application ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ Welthungerhilfe (WHH) တို့ပူးပေါင်းပြုလုပ်တာဖြစ်ပြီး မျိုးစေ့ရောင်းဝယ်ရေးကိုသာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းတွင် ဆန်၊ ဆန်ကွဲ၊ စက်ပစ္စည်းများ၊ နည်းပညာ ရောင်းချမှုများ အစရှိတဲ့ ဝန်ဆောင်မှုတွေကိုပါ ထည့်သွင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««