တောင်ကိုရီးယားမှာ Galaxy Note 20 နဲ့အတူ Nreal Light mixed reality မျက်မှန်ကို ရောင်းချ

တောင်ကိုရီးယားနိုင်ငံအတွင်း Samsung ဖုန်းသစ် Galaxy Note 20 နဲ့အတူ Nreal Light mixed reality မျက်မှန်ကိုလည်း တင်ပို့ရောင်းချခဲ့ပါတယ်။ LG Uplus ကတော့ မျက်မှန်တစ်ခုတည်းကိုပဲ ဝမ် ၆၉၉,၀၀၀ (၅၈၆ ဒေါ်လာ) နဲ့ ရောင်းချပါမယ်။ Galaxy Note 20 ဒါမှမဟုတ် LG Velvet ဖုန်းနဲ့ 5G data plan ပါဝင်တဲ့ bundle ကတော့ ဝမ် ၃၄၉,၅၀၀ (၂၉၅ ဒေါ်လာ) ပဲ ကျသင့်ပါမယ်။ ဩဂုတ် ၁၁ ရက်မှာ ကြိုတင်မှာယူနိုင်ပြီး headset တွေကိုတော့ ဩဂုတ် ၂၁ ရက်မှာ ရောင်းချပါမယ်။

U+ Real Glass လို့လည်း ရည်ညွှန်းတဲ့ Nreal Light ဟာ ပေါ့ပါးတဲ့ နေကာမျက်မှန်ဖြစ်ပြီး computing ထုတ်ကုန်လည်း ဖြစ်ပါတယ်။ မျက်မှန်က အကွာအဝေး ခြေရာခံတာ၊ app တွေကို ရုပ်ပုံနဲ့ ပြသတာတွေ ပြုလုပ်ပေးပါတယ်။

Nreal ကို ဗီဒီယိုကြည့်တာ၊ ဂိမ်းကစားတာ ဒါမှမဟုတ် ဝက်ဘ်ဆိုက်ဖတ်တဲ့ အချိန်မှာလည်း အသုံးပြုနိုင်ပါတယ်။ Chrome, Facebook နဲ့ Instagram အပြင် အခြား app တွေလည်း အသုံးပြုနိုင်ပါမယ်။

Nreal အတွက် နှာခေါင်းကလစ်ကတော့ မျက်နှာအမျိုးမျိုးနဲ့ သင့်တော်အောင် အများကြီးထုတ်ထားသလို မှန်ကန်တဲ့ lens နဲ့ VR cover လည်းပါဝင်ပါမယ်။ အရင်က Nreal မှာ ခလုတ်တစ်ခုနဲ့ ကွန်ပျူတာအသေးစားပါဝင်တဲ့ developer kit ကို ဒေါ်လာ ၁,၁၉၉ နဲ့ တင်ပို့ရောင်းချခဲ့ပါတယ်။ အခုဗားရှင်းမှာတော့ ဖုန်းအခြေခံ ထိန်းချုပ်ရေးစနစ် အသုံးပြုမှာဖြစ်ပြီး မျက်မှန်ကို လက်နဲ့လည်း ထိန်းချုပ်နိုင်အောင် ပြုလုပ်ထားပါတယ်။

Nreal ဟာ လူသုံးကုန် စမတ်မျက်မှန် ရောင်းချဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ တရုတ်အခြေစိုက် Nreal ဟာ ဂျပန်ဆက်သွယ်ရေး KDDI နဲ့ ဂျာမန်က Deutsche Telekom တို့နဲ့ ပူးပေါင်းရေးစာချုပ် ရေးထိုးထားပါတယ်။ ဂျာမန် Deutsche Teleskom နဲ့လည်း mixed reality အစီအစဉ် ပြုလုပ်ထားပါတယ်။

-စိုးထက်
Ref: TheVerge