တောင်ကိုရီးယားမှာ စတင်ရောင်းချနေတဲ့ LG Velvet

LG Velvet နဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်အပြင် အမြည်းမိတ်ဆက်မှုတွေ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ အခုဆိုရင်လည်း LG Velvet ဖုန်းဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန် ထွက်လာပါတယ်။ အခုဆိုရင် LG Velvet ကိုတောင်ကိုရီးယားမှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဝမ် ၈၉၉,၈၀၀ (၇၃၅ဒေါ်လာ) ကျသင့်ပါမယ်။

LG Velvet မှာ Snapdragon 765GB chipset နဲ့ 5G ချိတ်ဆက်မှုပါဝင်တဲ့ Snapdragon X52 modem ပါဝင်လာပါတယ်။ ဖုန်းမှာ 8/128GB အသုံးပြုထားပြီး MicroSD ကတ်ပေါက်ပါဝင်လာပါတယ်။

ကျောဘက်ကင်မရာကတော့ 48MP, 8MP ultra-wide-angle နဲ့ portrait ပုံတွေ ရိုက်ကူးဖို့ 5MP depth sensor လည်းပါဝင်လာပါတယ်။ ရှေ့ကင်မရာကိုတော့ notch ထဲထည့်သွင်းထားပြီး 16MP ပါဝင်လာပါတယ်။LG Velvet မျက်နှာပြင်က ၆.၈လက်မ P-OLED နဲ့အတူ Full HD+ ရုပ်ထွက်အရည်အသွေးနဲ့ ဘေးဘောင်အကွေးတွေ ပါဝင်တယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

ဖုန်းဒီဇိုင်းက အရည်အသွေး မြင့်မားပြီး သုံးစွဲသူအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ LG ကပြောခဲ့ပါတယ်။ LG Velvet မှာ Wacom stylus ထောက်ပံ့မှုပါဝင်လာပါတယ်။ LG ရဲ့ကိုယ်ပိုင် UI ကြောင့် မှတ်စုမှတ်တာနဲ့ ပုံဆွဲတာတွေ လုပ်နိုင်ပါတယ်။

LG Velvet မှာ အကြမ်းခံနိုင်ရည်စွမ်း စံသတ်မှတ်ချက် IP68 နဲ့ MIL-STD 810G တို့ပါဝင်လာပြီး LG Dual Screen နဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။ LG Velvet မှာ ဘက်ထရီ 4,300 mAh ပါဝင်ပြီး အားသွင်းမြန်ဆန်စနစ် ပါ၊ မပါမသိပါဘူး။
စိုးထက်
Ref: GSMArena