“တုံ့ပြန်ကျေးဇူး ဆုတွေမြူး” အစီအစဉ်ကို တယ်လီ​နော မိတ်ဆက်

MyTelenor နဲ့ တယ်လီနောမိတ်ဖက် အက်ပလီကေးရှင်း​တွေမှ တစ်ဆင့် သုံးစွဲသူတွေနဲ့ မိတ်ဖက်တွေကို သန်းပေါင်းများစွာသော ဆုလက်ဆောင်များ ကံထူးခွင့် ပေးအပ်သွားမယ့် “တုံ့ပြန်ကျေးဇူး ဆုတွေမြူး” အစီအစဉ်ကို တယ်လီ​နောက မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

‌ဒီအစီအစဉ်မှာ KIA Picanto ကားအသစ်၊ Honda Scoopy မော်တော်ဆိုင်ကယ်များ၊ iPhone 11 များ၊ iPad များ၊ ဒေတာနဲ့ အပိုဆောင်း ဖုန်းဘေလ်များ စတဲ့ ဆုမဲ‌တွေကို အပတ်စဉ်၊ လစဉ် ကံထူးခွင့် ပေးအပ်သွားမှာဖြစ်ပြီး ယခုအစီအစဉ်မှတစ်ဆင့် တယ်လီနော သုံးစွဲသူများအားလုံး ကံထူးခွင့်‌တွေ ရရှိမှာဖြစ်ပါတယ်။

တုံ့ပြန်ကျေးဇူး ဆုတွေမြူး အစီအစဉ်ရဲ့ ဆုလက်ဆောင်​တွေနှနဲ့ အကျိုးခံစားခွင့်​တွေကို ရယူနိုင်ဖို့ တယ်လီနော သုံးစွဲသူများနဲ့ မိတ်ဖက်များက MyTelenor (သို့မဟုတ်) တယ်လီနောမိတ်ဖက် အက်ပလီကေးရှင်းမှ တစ်ဆင့် “ပိုပိုပြုံး” ဂိမ်းကို စတင်ဝင်ရောက်ကစားရမှာ ဖြစ်ပြီး ရိုးရာကစားနည်းတစ်ခုဖြစ်တဲ့ ဒိုးပစ်ခြင်း/ ဂေါ်လီပစ်ခြင်းကို ဒီဂျစ်တယ်ဗားရှင်းနဲ့ကစားရမှာဖြစ်ပါတယ်။ အဆိုပါဂိမ်းတွင်း ကစားသူ​တွေအ​နေ​နဲ့ ဆုလက်ဆောင်​တွေကို ရရှိနိုင်မှာဖြစ်ပြီး ဂေါ်လီများများ ပစ်နိုင်လေ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ဆုလက်ဆောင်​တွေကို ကံထူးနိုင်မယ့်အခွင့်အလမ်း များလာလေလေ ဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း