တုပ်ကွေးကာကွယ်ဆေး ဆန့်ကျင်တဲ့ ကြော်ငြာတွေ Facebook ပယ်ဖျက်

Facebook ဟာ တုပ်ကွေးကာကွယ်ဆေး ဖြန့်ချိဖို့ ကျန်းမာရေးဆိုင်ရာ လှုံ့ဆော်မှုကို ပြုလုပ်မယ့် အတွက် ကာကွယ်ဆေးထိုးခြင်းကို အားမပေးတဲ့ ကြော်ငြာတွေကို ပယ်ဖျက်မယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အခု အပြောင်းအလဲက Facebook ရဲ့ ယခင်ပေါ်လစီတွေနဲ့ လုံးဝမတူပါဘူး။ အရင်က Facebook ဟာ ရောဂါကာကွယ်ရေးနဲ့ဆိုင်တဲ့ သတင်းအလွဲ ပါဝင်တဲ့ ကြော်ငြာတွေကို တားမြစ်ခဲ့ပေမယ့် သတင်းမှားမပါတဲ့ ကာကွယ်ဆေးအားမပေးတဲ့ ကြော်ငြာတွေကို ခွင့်ပြုခဲ့ပါတယ်။

Facebook က Covid-19 ကာကွယ်ဆေး အပါအဝင် အစိုးရရဲ့ ကာကွယ်ဆေးပေါ်လစီ ဒါမှမဟုတ် ကာကွယ်ဆေးဥပဒေပြုရေးနဲ့ ပတ်သက်တာကို အားပေးတာ ဒါမှမဟုတ် ဆန့်ကျင်တဲ့ ကြော်ငြာတွေကိုတော့ ခွင့်ပြုမယ်လို့ blogpost မှာ ရေးသားခဲ့ပါတယ်။

ကာကွယ်ဆေးကို အားမပေးတဲ့ ကြော်ငြာတချို့ Facebook ပေါ်မှာ ဆက်လက်ရှိနေပါတယ်။ကာကွယ်ဆေးဆန့်ကျင်တဲ့ content နဲ့ ဆွေးနွေးမှုတွေကတော့ platform မှာ ဆက်လက်ရှိနေပါမယ်။

-စိုးထက်
Ref: TheGuardian

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««