တီဗီအစီအစဉ်နဲ့ ရုပ်ရှင် ရှာဖွေမှုကို watchlist ထဲ ထည့်ခွင့်ပြုလိုက်တဲ့ Google

Google ဟာ မိုဘိုင်း platform တွေ အတွက် Search အတွင်းမှာ “Watchlist” ဆိုတဲ့ feature ကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီ feature က Google မှာ အစီအစဉ်နဲ့ ရုပ်ရှင် ရှာဖွေမှုတွေကို စုစည်းပေးပါတယ်။

အဲဒီ feature ကို အသုံးပြုဖို့ Google မှာ ရုပ်ရှင် ဒါမှမဟုတ် တီဗီအစီအစဉ်တစ်ခုကို ရှာဖွေလိုက်ပါတယ်။ ပေါ်လာတဲ့ preview window က bookmark icon ကိုနှိပ်ရပါမယ်။ အဲဒီအခါ Watchlist tab တစ်ခုပေါ်လာပါတယ်။ နောက်တစ်ကြိမ် ရှာဖွေလိုရင် my watchlist ဒါမှမဟုတ် ရုပ်ရှင်ကြည့်ဖို့ ရှာဖွေလိုက်တာနဲ့ ထွက်လာမှာ ဖြစ်ပါတယ်။ Google မှာ “what’s a good show to watch” ဆိုတဲ့ keyword ကိုရိုက်လိုက်တာနဲ့ သုံးစွဲသူ Watchlist ထဲထည့်နိုင်မယ့် အကြံပြုအစီအစဉ်တွေ ပေါ်လာပါမယ်။

Google Search, YouTube နဲ့ Chrome လိုမျိုး Google ထုတ်ကုန်တွေက သုံးစွဲသူလုပ်ဆောင်ချက်ကို ခြေရာခံဖို့ Google account နဲ့ log in ဝင်ပြီး “web & app activites” ဆိုတဲ့ feature ကိုဖွင့်လိုက်ရင် အကြံပြုချက်များစွာ မြင်ရမှာပါ။

စိုးထက်
Ref: Mashable

အင်တာနက်ဂျာနယ်က နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက အိုင်တီ၊ မိုဘိုင်းနည်းပညာနဲ့ ပတ်သက်တဲ့ သတင်းတွေကို ChatBot ဖြစ်တဲ့ ဒီနေရာ မှာလည်း မေးမြန်းနိုင်ပါတယ်