တိုင်းဒေသကြီး ၅ ခုတွင် ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးသည့်အတွက် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ တိုင်းဒေသကြီး ငါးခုဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ပဲခူးတိုင်းဒေသကြီး(အနောက်)၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး တို့မှာ ခေတ်မီအိတ်ချိန်းစက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပြီးဖြစ်တဲ့အတွက် လက်ရှိအသုံးပြုနေတဲ့ အော်တိုတယ်လီဖုန်းနံပါတ်တွေကို ဂဏန်း (၇) လုံးပါရှေတဲ့ အော်တိုတယ်လီဖုန်းနံပါတ်အသစ်တွေနဲ့ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်တဲ့နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမှာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

-အောင်သူ