တိုင်းဒေသကြီး တချို့တွင် အော်တိုတယ်လီဖုန်းနံပါတ်များအားပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ အိတ်ချိန်းတွေကို ခေတ်မီအိတ်ချိန်းစက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ထိုသို့ ပြောင်းလဲတပ်ဆင်လိုက်တဲ့ အတွက် လက်ရှိအသုံးပြုနေတဲ့​အော်တိုတယ်လီဖုန်း နံပါတ်များကို ဂဏန်း (၇) လုံးပါရှိတဲ့ အော်တိုတယ်လီဖုန်းနံပါတ် အသစ်များဖြင့် ၂၀၂၀ ပြည့်နှစ်၊စက်တင်ဘာ၃ဝ ရက်မှာ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန် ရက်စနစ် (Copper Cable Network) အားမြန်နှုန်းမြှင့်သတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင်တဲ့ ဖန်ကြိုးမျှင် (Fiber Cable) အသုံးပြု တယ်လီဖုန်းစနစ်နဲ့ ကြိုးမဲ့စနစ်သုံး (Wireless) တယ်လီဖုန်းတွေနဲ့ ပြောင်းလဲတပ်ဆင်မှာ ဖြစ်တဲ့အတွက် အော်တိုတယ်လီဖုန်းနံပါတ်တွေဟာ ပြောင်းလဲသွားမယ်လို့ သိရပါတယ်။

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလ အတွင်း Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်တဲ့နေ့မှစပြီး (၃) လတာ ကာလအထိ အခမဲ့ပေးထားမှာ ဖြစ်ကြောင်း သုံးစွဲသူတွေအနေနနဲ့ နံပါတ်အသစ်သို့ပြောင်းလဲနေစဉ် ကာလအတွင်းမှာ လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်ကို ခေါ်ဆိုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

-ကျော်ဇေယျ