တိုင်းဒေသကြီးအချို့ရှိ အော်တိုတယ်လီဖုန်းနံပါတ်များကို ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေနဲ့ လက်ရှိအသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်များကို ဂဏန်း (၇) လုံးပါရှိတဲ့ တယ်လီဖုန်းနံပါတ် အသစ်တွေနဲ့ ပြောင်းလဲ တပ်ဆင်ပေးသွားမှာ ဖြစ်တဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ အိတ်ချိန်းတွေကို ခေတ်မီအိတ်ချိန်းစက်တွေနဲ့ ပြောင်းလဲတပ်ဆင်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ထို့သို့ ပြောင်းလဲတပ်ဆင်ပြီးဖြစ်တဲ့အတွက် ဧပြီ ၃၀ ရက်မှာ အော်တိုတယ်လီဖုန်း နံပါတ်တွေကို စတင်ပြောင်းလဲသွားမယ် လို့ သိရပါတယ်။ နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ် ကာလအတွင်း အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်တဲ့နေ့မှစ၍ ဇူလိုင် ၃၁ ရက် အထိ အခမဲ့ပေးထားမှာဖြစ်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်း လက်ရှိနံပါတ် သို့မဟုတ် နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

-အောင်သူ