တိုင္းရင္းသားသတင္း မီဒီယာေက်ာင္း(ေကာလိပ္) ဖြင့္လွစ္ေပးရန္နဲ႔ ပတ္သက္၍ ျပည္သူ႔လႊတ္ေတာ္၌ေမးျမန္း

[ Zawgyi ]

တိုင္းရင္းသားမီဒီယာမ်ား ရွင္သန္ဖြံ႔ၿဖိဳးေရးအတြက္ တိုင္းရင္းသားသတင္း မီဒီယာေက်ာင္း(ေကာလိပ္) ဖြင့္လွစ္ေပးရန္နဲ႔ ပတ္သက္ၿပီး ၾသဂုတ္လ ၂ ရက္က က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွာ ေျမာက္ဦးမဲဆႏၵနယ္မွ ဦးဦးလွေစာက ေမးျမန္းခဲ့တယ္လို႔ သိရပါတယ္။

ေမးခြန္းနဲ႔စပ္လ်ဥ္းၿပီး ျပန္ၾကားေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္လွထြန္းက တိုင္းရင္းသား သတင္းမီဒီယာ ေက်ာင္း (ေကာလိပ္) ဖြင့္လွစ္ေပးရန္ လတ္တေလာမွာ အစီအစဥ္မရွိေသးေၾကာင္း ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။ ဆက္လက္ၿပီး တိုင္းရင္းသား သတင္းမီဒီယာေကာလိပ္ဖြင့္လွစ္ျခင္းအား ျပန္ၾကားေရးဝန္ႀကီးဌာနမွ စီစဥ္ေဆာင္႐ြက္ျခင္းထက္ လက္ရွိမွာ သတင္းစာအတတ္ပညာ စနစ္တက် သင္ၾကားပို႔ခ်လ်က္ရွိတဲ့ ပညာေရးဝန္ႀကီးဌာနနဲ႔ တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝ န္ႀကီးဌာနတို႔ ညႇိႏႈိင္းေဆာင္႐ြက္ျခင္းက ပိုမိုသင့္ေလ်ာ္ ေကာင္းမြန္မွာျဖစ္ၿပီး ျပန္ၾကားေရး ဝန္ႀကီးဌာနအေနနဲ႔ လိုအပ္ခ်က္မ်ားအေပၚ ေပါင္းစပ္ညႇိႏႈိင္းပံ့ပိုး ကူညီေပးႏိုင္မွာ ျဖစ္ေၾကာင္း ျပန္လည္ေျဖၾကားခဲ့တယ္လို႔ သိရပါတယ္။

-ေဝေဝ

[ Unicode ]

တိုင်းရင်းသားမီဒီယာများ ရှင်သန်ဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားသတင်း မီဒီယာကျောင်း(ကောလိပ်) ဖွင့်လှစ်ပေးရန်နဲ့ ပတ်သက်ပြီး သြဂုတ်လ ၂ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစောက မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

မေးခွန်းနဲ့စပ်လျဉ်းပြီး ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက တိုင်းရင်းသား သတင်းမီဒီယာ ကျောင်း (ကောလိပ်) ဖွင့်လှစ်ပေးရန် လတ်တလောမှာ အစီအစဉ်မရှိသေးကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး တိုင်းရင်းသား သတင်းမီဒီယာကောလိပ်ဖွင့်လှစ်ခြင်းအား ပြန်ကြားရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ခြင်းထက် လက်ရှိမှာ သတင်းစာအတတ်ပညာ စနစ်တကျ သင်ကြားပို့ချလျက်ရှိတဲ့ ပညာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားလူမျိုးများရေးရာဝ န်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ခြင်းက ပိုမိုသင့်လျော် ကောင်းမွန်မှာဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပံ့ပိုး ကူညီပေးနိုင်မှာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

-ဝေဝေ