တိကျတဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်ရရှိဖို့ စင်တာသစ်ကို Facebook တည်ဆောက်

‌Facebook ဟာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းအချက်အလက်တွေကို သုံးစွဲသူတွေဆီပေးနိုင်ဖို့ အချက်အလက်စင်တာတစ်ခုကို တည်ဆောက်နေတယ်လို့ ကုမ္ပဏီ စီအီးအို မာ့ခ်ဇူကာဘတ်က ပြောခဲ့ပါတယ်။ အဲဒီ feature သစ်က News Feed မှာပါဝင်လာကာ ဗိုင်းရပ်စ်သတင်းမှားတွေကို တိုက်ဖျက်မယ့် အစီအစဉ်ဖြစ်ပါတယ်။

စင်တာကို ၂၄ နာရီအတွင်း အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ယူကေနဲ့ အမေရိကန်မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။ Facebook ဟာ သုံးစွဲသူ ၂.၅ ဘီလျံဆီ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ သတင်းစင်တာသစ်က WHO လိုမျိုး ကမ္ဘာလုံးဆိုင်ရာ အေဂျင်စီနဲ့ နိုင်ငံတော်ကျန်းမာရေးအာဏာပိုင်ဆီက အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးနေတဲ့ သတင်းတွေပါဝင်လာမှာပါတယ်။ လူစုလူဝေးနဲ့ ကင်းကွာအောင် နေထိုင်နည်းနဲ့ ပတ်သက်တဲ့ ဆောင်းပါး၊ ဗီဒီယိုနဲ့ post တွေနဲ့ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးနိုင်မယ့် လမ်းညွှန်ချက်လည်းပါဝင်လာပါမယ်။

“အခု feature ရဲ့အဓိက အခန်းကဏ္ဍက ကျယ်ပြန့်တဲ့ အများဆန္ဒဖြစ်ပြီး အစီအစဉ်ကျနပြီး အရေးတယူလုပ်ကိုင်ရမယ့် လူစုလူဝေးရှောင်ကျဉ်နည်း ကိုအားပေးသွားပါမယ်။ အထူးသဖြင့် အန္တရာယ်မရှိဘူးလို့ ယူဆတဲ့သူတွေကို သတိပေးသွားပါမယ်” မာ့ခ်ဇူကာဘတ်က ပြောခဲ့ပါတယ်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ဆက်လက် ပြန့်ပွားနေတာကြောင့် လူမှုကွန်ရက် ကုမ္ပဏီတွေက သတင်းမှားတွေကို လျှော့ချနေကြရပါတယ်။ အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ COVID-19 ဗိုင်းရပ်စ်ရဲ့ လက္ခဏာတွေက ချောင်းဆိုတာ၊ အသက်ရှုမဝတာတွေ ပါဝင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ဘယ်ကနေစတင်ဖြစ်ပေါ်လာတဲ့ မှန်းဆချက်တွေထဲမှာ 5G ကွန်ရက်ကစတင်တာ ဒါမှမဟုတ် ဆေးထုတ်လုပ်ရေး လုပ်ငန်းကနေ ပေါ်ထွက်လာတာဆိုတဲ့ သီအိုရီတွေ ရှိနေပါတယ်။
စိုးထက်
Ref: CNET