တာရှည်ခံရင်းမြစ် နည်းပညာမှာ ရင်းနှီးမြှုပ်နှံမယ့် ရောဘတ်ဒေါင်းနင်းဂျူနီယာ

သရုပ်ဆောင်နဲ့ တက်ကြွလှုပ်ရှားသူ ရောဘတ်ဒေါင်းနင်းဂျူနီယာရဲ့ Footprint Coalition ဟာ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှုကို ဖြေရှင်းဖို့ စီစဉ်နေပါတယ်။

သရုပ်ဆောင်နဲ့ ပရိုဂျုဆာလည်း ဖြစ်တဲ့ ရောဘတ်ဒေါင်းနင်းဂျူနီယာက သဘာဝပတ်ဝန်းကျင် အစီအစဉ်တွေအတွက် စုပေါင်းအဖွဲ့တွေကို တည်ဆောက်နေပါတယ်။ အခုဆိုရင် Footprint Coalition Ventures အဖွဲ့ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီအဖွဲ့က တာရှည်ခံရင်းမြစ် ရှာဖွေတဲ့ နည်းပညာကုမ္ပဏီတွေအပေါ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သွားပါမယ်။

Footprint Coalition စီမံကိန်းထဲမှာ လုပ်ငန်းငွေထောက်ပံ့မှု ပါဝင်ပြီး ၂၀၁၉ ခုနှစ်အတွင်း ရောဘတ်ဒေါင်းနင်းဂျူနီယာက မိတ်ဆက်ခဲ့ပါတယ်။ ပူးပေါင်းထားတဲ့အဖွဲ့ထဲမှာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခု ပါဝင်ပြီး အစောပိုင်းအဆင့်သာ ရှိသေးတဲ့ သိပ္ပံသုတေသနကို ထောက်ပံ့နေပါတယ်။ ဒါ့အပြင် တာရှည်ခံရင်းမြစ် ရှာဖွေတဲ့ နည်းပညာတွေကိုလည်း ထောက်ပံ့မှုပေးထားပါတယ်။

-စိုးထက်
Ref: FastCompany

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««