တရုတ် Chang’e 5 လကမ္ဘာခရီးစဉ် ဓာတ်ပုံတွေထွက်ပေါ်

တရုတ်ရဲ့ Chang’e 5 လပေါ်ဆင်းသက် အာကာသယာဉ်က လပေါ်မှာ ခေတ္တပဲ ဆင်းသက်ခဲ့ပါတယ်။

အာကာသယာဉ်က လပေါ်ဆင်းသက်တဲ့အခါ ပန်နိုရာမာမြင်ကွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကမ္ဘာမြေဆီ ပြန်လည် ပေးပို့ခဲ့ပါတယ်။ Chang’e 5 ဓာတ်ပုံတွေက အပေါ်စီးကနေ ရိုက်ထားတာ ဖြစ်ပြီး လမျက်နှာပြင် အခြေအနေကိုလည်း တွေ့ရပါတယ်။ လမျက်နှာပြင်က ကျောက်စရစ်ခဲတွေ ရှိပြီး ပျော့ပျောင်းတဲ့ မြေပေါ် အာကာသယာဉ်ရဲ့ ခြေတံက နစ်မြုပ်နေပါတယ်။

တရုတ်လူမှုကွန်ရက်မှာ အာကာသယာဉ် လကမ္ဘာပေါ် ဆင်းသက်တာနဲ့ မြေပြင်ပေါ်ရောက်တဲ့ ဓာတ်ပုံထောင်ပေါင်းများစွာကို ပေါင်းစပ်ထားတဲ့ ဓာတ်ပုံတွေကို time-lapse ဗီဒီယိုအဖြစ် တင်ထားပါတယ်။Chang’e 5 အထူးတာဝန်ကတော့ လပေါ်ဆင်းသက်ယာဉ်က စက်ရုပ်လက်နဲ့ လွန်နုကို အသုံးချပြီး မြေဆီမြေလွှာနဲ့ ကျောက်ခဲနမူနာတွေ ရယူဖို့ ဖြစ်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««