တရုတ်မှာ ရောင်းချမယ့် Samsung Galaxy W21 5G ခေါက်စမတ်ဖုန်း

Samsung ဟာ တရုတ်နိုင်ငံမှာ Galaxy W21 5G ခေါက်စမတ်ဖုန်းကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ Galaxy W20 5G နေရာဆက်ခံမယ့် W21 မှာတော့ clamshell ဒီဇိုင်း အသုံးပြုထားပါတယ်။ ဒါ့အပြင် ဖုန်းအသေးစိတ် အချက်အလက်တွေက Galaxy Z Fold 2 5G နဲ့ဆင်ပါတယ်။

Galaxy W21 5G မှာတော့ ၇.၆ လက်မ QXGA+ Infinity-O Dynamic AMOLED မျက်နှာပြင် ဖြစ်ပြီး 120Hz refresh rate နဲ့ Samsung Ultra-Thin Glass ကိုအသုံးပြုထားပါတယ်။ အပြင်ဘက်မှာတော့ ၆.၂ လက်မ HD+ Super AMOLED Infinity Flex display ပါဝင်လာပါတယ်။ ဖုန်းအတွက် nanoSIM ထောက်ပံ့မှုနဲ့ Glitter Gold colour ပါဝင်လာပါတယ်။ ဖုန်းကိုတော့ China Telecom နဲ့ ပူးပေါင်းဖန်တီးထားပါတယ်။

Galaxy W21 5G မှာတော့ Octa-Core Qualcomm Snapdragon 865+ 7nm Mobile Platform နဲ့အတူ Adreno 650 GPU ထောက်ပံ့ထားပါတယ်။ ပရိုဆက်ဆာကို 12GB LPDDR5 RAM အပြင် UFS 3.1 storage 512GB နဲ့ တွဲဖက်ထားပါတယ်။ ဖုန်းမှာ Android 10 အခြေခံ UI 2.5 အသုံးပြုထားပါတယ်။

ကျောဘက်မှာ ကင်မရာ ၃ လုံး ပါဝင်ပြီး အဓိက ကင်မရာ 12MP f/1.8 aperture, PDAF OIS ဖြစ်ပါတယ်။ ဒါ့အပြင် 12MP telephoto lens f/2.4 aperture, PDAF, OIS, 2x optical zoom, 10x digital zoom နဲ့ 12MP ၁၂၀ ဒီဂရီ Ultra Wide sensor နဲ့အတူ f/2.2 aperture ပါဝင်လာပါတယ်။ ဖုန်းရဲ့ ရှေ့ကင်မရာကတော့ 10MP f/2.2 aperture ပါဝင်လာပါတယ်။

Galaxy W21 5G မှာတော့ Dolby Atmos ထောက်ပံ့မှု အပြင် AKG ကထုတ်ထားတဲ့ စတီရီယိုစပီကာ ပါဝင်လာပါတယ်။ Galaxy W21 5G ဘက်ထရီကတော့ 4500mAh ဖြစ်ပြီး 25W နဲ့ ကြိုးမဲ့အားသွင်းစနစ် 11W ပါဝင်လာပါတယ်။ Samsung Galaxy W21 5G ဈေးနှုန်းကတော့ ယွမ် ၁၉၉၉၉ (ဒေါ်လာ ၃၀၀၀) ကျသင့်ပါမယ်။ နိုဝင်ဘာလ ၂၀ ရက်မှာ စတင် ရောင်းချမယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GizmoChina

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««