
တရုတ်(တိုင်ပေ) က တရုတ်နိုင်ငံက Baidu နဲ့ Tencent ကဗီဒီယိုဝန်ဆောင်မှုတွေကို ပယ်ဖျက်ဖို့ စဉ်းစားနေပါတယ်။
တရုတ်(တိုင်ပေ) နိုင်ငံအတွင်း Baidu ရဲ့ iQiyi နဲ့ Tencent ရဲ့ WeTV တို့ဟာ တရားမဝင်ပေမယ့် တရားရေးဆိုင်ရာ အားနည်းချက်ကြောင့် ဒေသတွင်းကုမ္ပဏီနဲ့ ပူးပေါင်းခွင့်ပြုထားရပါတယ်။ ထိုင်ဝမ်ကုမ္ပဏီတွေ အနေနဲ့ စက်တင်ဘာ ၃ ရက်မှာ အဲဒီဝန်ဆောင်မှုတွေကို မထောက်ပံ့တော့ဘူးလို့ ထိုင်ဝမ် စီးပွားရေးရာဝန်ကြီးဌာနက ပြောထားပါတယ်။
Interesting new feature @netflix … but what kind of insane person just says, “yolo, let’s spin the Netflix wheel of fortune” pic.twitter.com/6WDJrmd7pG
— Turner Levison (@TurnerLevison) August 18, 2020
တရုတ် နည်းပညာကုမ္ပဏီအနေနဲ့ ပထဝီနိုင်ငံရေးအရ အခြားဈေးကွက်တွေထဲ ဝင်ရောက်ရာမှာ အခက်အခဲတွေ့နေပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ကလည်း Tencent ရဲ့ WeChat ကိုပိတ်ပင်လိုပြီး ByteDance က TikTok အမေရိကန်လုပ်ငန်းစုကို ရောင်းချဖို့ ညွှန်ကြားထားပါတယ်။
တရုတ်က တရုတ်(တိုင်ပေ) ကို ကိုယ်ပိုင်နယ်မြေတစ်ခုလို့ ကြေညာထားပါတယ်။ ကမ္ဘာ့နိုင်ငံအများစုနဲ့လည်း တရားဝင် သံတမန်ဆက်ဆံမရှိပါဘူး။ တရုတ်ပြည်တွင်းစစ်ကြောင့် အလွန်ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေဖြစ်လာတာပါ။ ၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ်ပါတီက ပြည်မကြီးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခဲ့ပြီး တရုတ်အမျိုးသားပါတီက ထိုင်ဝမ်ကို ဆုတ်ခွာခဲ့ရပါတယ်။ ယနေ့မှာတော့ ထိုင်ဝမ်က ဒီမိုကရက်တစ်နိုင်ငံအဖြစ် လူပေါင်း ၂၄ သန်းကို အုပ်ချုပ်နေပါတယ်။
-စိုးထက်
Ref: TheVerge
ရေးသားချက်များအားတင်ပြအပ်ပါသည်။(၁) စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ……
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 ၊ မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ