တရုတ်ပြည်ရဲ့ အကြီးမားဆုံး hackathon ပွဲ

တရုတ်ပြည်မှာ ပြုလုပ်ခဲ့တဲ့ Tianfu Cup ကတော့ ကမ္ဘာတစ်ဝန်းက white hat ဟက်ကာတွေ ပါဝင်ခဲ့ပါတယ်။ တရုတ်ရဲ့ အကြီးဆုံး hackathon ပွဲကို တတိယအကြိမ် ပြုလုပ်ခဲ့ပြီး Windows 10 နဲ့ iOS 14 အပါအဝင် နာမည်ကျော် software တွေများစွာက အားနည်းချက်တွေ ရှာဖွေခဲ့ကြပါတယ်။

ဒီနှစ်ပွဲမှာ ဟက်ကာ ၁၅ ဖွဲ့ ပါဝင်ခဲ့ပါတယ်။ အဖွဲ့တစ်ခုဆီက ရွေးချယ်ထားတဲ့ ပစ်မှတ်အတွင်း ထိုးဖောက်ဖို့ ၅ မိနစ် ၃ ငြိမ်း ခွင့်ပြုထားပါတယ်။ ရွေးချယ်ထားတဲ့ ပစ်မှတ်နဲ့ အားနည်းချက်ပေါ် အခက်အခဲပေါ် မူတည်ပြီး ဆုကြေးငွေ ရရှိမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲအတွင်း အောင်မြင်ခဲ့တဲ့ ပစ်မှတ်တွေကတော့

  • iPhone 11 Pro ပေါ်က iOS 14
  • Samsung Galaxy S20
  • Windows 10 v2004 (April 2020 edition)
  • Ubuntu
  • Chrome
  • Safari
  • Firefox
  • Adobe PDF Reader
  • Docker (Community Edition)
  • VMWare EXSi (hypervisor)
  • QEMU (emulator & virtualizer)
  • TP-Link နဲ့ ASUS router firmware တို့ဖြစ်ပါတယ်။

ပြိုင်ပွဲမှာ ပါဝင်တဲ့ သုတေသီတွေက ဆုကြေးငွေကနေ ဒေါ်လာ ၁.၂၁ သန်းအထိ ရယူနိုင်ခဲ့ကြပါတယ်။ အအောင်မြင်ဆုံး အသင်းကတော့ ဒုတိယနှစ်မှာ ဝင်ရောက်လာတဲ့ antivirus software ထုတ်လုပ်တဲ့ တရုတ်အင်တာနက်လုံခြုံရေးကုမ္ပဏီ Qihoo 360 ဖြစ်ပါတယ်။ “360 Enterprise Security and Government and (ESG) Vulnerability Research Insitute” အနိုင်ရရှိသူတွေက ဒေါ်လာ ၇၄၄,၅၀၀ ရရှိခဲ့ပါတယ်။ ဒုတိယနေရာက AntFinancial Lightyear Security Lab ကိုအလဲထိုးခဲ့သလို တတိယနေရာမှာ လုံခြုံရေးသုတေသီ Pang ရှိနေပါတယ်။

-စိုးထက်
Ref: TechSpot

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««