တရုတ်ပြည်မှာ Fall Guys မိုဘိုင်းဂိမ်းထွက်ရှိမယ်

နာမည်ကျော် Fall Guys: Ultimate Knockout ဂိမ်းကတော့ မိုဘိုင်းဗားရှင်း ထွက်လာပါတော့မယ်။ တရုတ်ဖျော်ဖြေရေးကုမ္ပဏီ Bilibili က Fall Guys မိုဘိုင်းဗားရှင်း မူပိုင်ခွင့်ကို ဝယ်ယူထားတယ်လို့ ဂိမ်းလေ့လာဆန်းစစ်သူ ဒန်နီရယ်အာမတ်က tweet လုပ်ခဲ့ပါတယ်။ တရုတ်ပြည်မှာပဲ ဂိမ်းကို ဖြန့်ချိပါမယ်။

Bilibili ဝက်ဘ်ဆိုက်မှာတော့ တရုတ်ပြည်သီးသန့်ပဲ Fall Guys မိုဘိုင်းဂိမ်းကို ဖြန့်ချိမယ်လို့ ဖော်ပြထားပါတယ်။ တရုတ်ပြည်မှာလည်း Fall Guys ကွန်ပျူတာနဲ့ PS4 ဗားရှင်း နာမည်အတိုင်းပဲ ဖြန့်ချိပါမယ်။

Fall Guys ဂိမ်းကို PS4 နဲ့ ကွန်ပျူတာအတွက် ဒီလအစောပိုင်းမှာ ဖြန့်ချိပြီးနောက်ပိုင်း အလွန်အမင်း ရေပန်းစားခဲ့ပြီး ပထမဆုံး ၂၄ နာရီ အတွင်း ကစားသူ ၁.၅ သန်းရှိပါတယ်။ Fall Guys ဟာ ရိုးရှင်းတဲ့ battle royale ဂိမ်းဖြစ်ပြီး လူအယောက် ၆၀ အထိ ကစားနိုင်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ်ထားလိုက်ပါ «««