
Caviar ကတော့ တရုတ်နှစ်သစ်ကူးအတွက် အထူးပြုလုပ်ထားတဲ့ Samsung Galaxy S21 Ultra ဖုန်းတွေကို ထုတ်လိုက်တယ်။ ဒီနှစ်ဟာ နွားနှစ် ဖြစ်ပြီး Galaxy S21 Ultra အတွက် အထူးဒီဇိုင်းတွေ ထုတ်လုပ်ခဲ့ပါတယ်။
Samsung Galaxy S21 Ultra Ox by Caviar
Galaxy S21 Ultra Gold Ox ဆိုတဲ့ ဗားရှင်းမှာတော့ ကျောဘက်မှာ နွားခေါင်းပုံ ပါပါတယ်။ အဲဒီ နွားခေါင်းမှာ ၂၄ ကာရတ်ရွှေကွင်း ထည့်ထားပြီး လက်ကိုင်အဖြစ် အသုံးပြုထားပါတယ်။ နွားခေါင်းထဲက မျက်လုံးမှာတော့ သဘာဝစိန် ၂ လုံး ထည့်ထားပါတယ်။ Samsung Galaxy S21 Ultra အတွက်ပဲ အခုဗားရှင်းကို ထုတ်လုပ်ထားပါတယ်။ အဲဒီဖုန်းတစ်ခုချင်းစီကတော့ ဒေါ်လာ ၂၀,၀၀၀ အထိ ကျသင့်ပါတယ်။ ဒါ့အပြင် Golden Line ဆိုတဲ့ ဗားရှင်းမှာတော့ မျက်စိပသာဒဖြစ်အောင် ပုံဖော်ထားတဲ့ ရွှေပြားခတ်ထားပါတယ်။
Samsung Galaxy S21 Ultra Golden Line by Caviar
Samsung Galaxy S21 Ultra Carbon by Caviar
Samsung Galaxy S21 Ultra White Alligator by Caviar
Samsung Galaxy S21 Ultra Black Alligator by Caviar
အခြားဒီဇိုင်းတွေဖြစ်တဲ့ automotive carbon fiber ဒါမှမဟုတ် မိကျောင်းသားရေ (အနက်နဲ့ အဖြူ) ကိုလည်း ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ အဲဒီဗားရှင်းကတော့ အလုံးရေ ၉၉ လုံးပဲ ထုတ်လုပ်ထားပြီး ဒေါ်လာ ၆,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။
Samsung Galaxy S21 Ultra Golden 21 by Caviar
Golden 21 အမည်ရ ဗားရှင်းမှာတော့ ကျောဘက်မှာ ၁၈ ကာရတ် ရွှေပါဝင်ပြီး နံပါတ် 21 ဆိုတာကို ကျောဘက်မှာ ထွင်းထားပါတယ်။ Galaxy S21 Ultra ထွက်ရှိတဲ့ နှစ်နဲ့ ထုတ်ကုန်ကို ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၇,၂၃၀ ဖြစ်ပါတယ်။
-စိုးထက်
Ref: GSMArena
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««