တရုတ်နှစ်သစ်ကူးအတွက် ထုတ်လုပ်ထားတဲ့ Apple ရဲ့ AirPods Pro Limited Edition

Apple ဟာ တရုတ်နှစ်သစ်ကို ဂုဏ်ပြုမှုအဖြစ် AirPods Pro limited edition တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ AirPods Pro ကိုတော့ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ မလေးရှား စတဲ့ အာရှနိုင်ငံတွေမှာ ရောင်းချပါမယ်။

တရုတ်နှစ်အရ အခုလာမယ့် နှစ်သစ်က နွားနှစ် ဖြစ်ပါတယ်။ Apple က တရုတ်နှစ်သစ်ကူးအတွက် ချစ်စရာကောင်းတဲ့ emoji ဇာတ်ကောင်တစ်ခုကို ဖန်တီးထားပါတယ်။ Apple ဟာ သက်ဆိုင်တဲ့ နိုင်ငံအလိုက် homepage မှာလည်း သီးခြား logo ကိုထည့်ထားပါတယ်။

AirPods Pro limited edition ဈေးနှုန်းက ပုံမှန် AirPods Pro ဈေးနှုန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဥပမာဆိုရင် တရုတ်ပြည်မကြီးမှာ ယွမ် ၁,၉၉၉ ဆိုရင် ဟောင်ကောင်မှာလည်း ဟောင်ကောင် ဒေါ်လာ ၁,၉၉၉ ဖြစ်ပါတယ်။ AirPods Pro limited edition ထုတ်ကုန်မှာ နွား emoji အသေးစားလည်း ပါဝင်လာပါတယ်။

AirPods Pro limited edition ကိုတော့ သက်ဆိုင်ရာ နိုင်ငံတွေမှာ Apple လက်လီစတိုး ဒါမှမဟုတ် apple.com ကနေ ဝယ်နိုင်ပါတယ်။ Apple ကတော့ မှာယူမှု တစ်ခုချင်းစီအတွက် AirPods Pro ၂ ခု မှာယူခွင့်ပြုထားပါတယ်။ ချက်ချင်း ပို့ဆောင်ပေးပါတယ်။

-စိုးထက်
Ref: 9to5Mac

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««