တရုတ်နဲ့ဆက်စပ်နေတဲ့ account အတုတွေကို Facebook ဖြုတ်ချ

Facebook ဟာ အမေရိကန်သမ္မတလောင်း ရွေးကောက်ပွဲ အပါအဝင် လက်ရှိဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ သတင်းတွေတင်ပြီး တရုတ်နဲ့ ပတ်သက်နေတဲ့ account အတု၊ group တွေနဲ့ page ၁၈၁ ခုကို ဖြုတ်ချလိုက်ပါတယ်။

အဲဒီ account တွေက သုံးစွဲသူတွေဟာ အစိုးရ ဒါမှမဟုတ် နိုင်ငံရပ်ခြားအဖွဲ့အစည်းကိုယ်စား content တင်ဖို့ ရည်ရွယ်ချက်ရှိပြီး မူလရုပ်ကို ဖုံးကွယ်ဖို့ ‌ကြိုးစားမှုက account စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ account တွေက တရုတ်က ဖူကျန်စီရင်စု ဆက်စပ်ပြီး သုံးစွဲသူက virtual private network တွေသုံးပြီး ကိုယ်ရေးအချက်အလက်ကို ဖုံးကွယ်ဖို့ကြိုးစားခဲ့တယ်။

Facebook ကတော့ အဲဒီ account တွေက တရုတ်အစိုးရနဲ့ ပတ်သက်တဲ့ အထောက်အထား မတွေ့ရသေးပါဘူး။

-စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««