တရုတ်နိုင်ငံမှာ ဖုန်းဝန်ဆောင်မှုကို အသုံးပြုဖို့ မျက်နှာ scan ပြုလုပ်ရမည်

တရုတ်နိုင်ငံအနေနဲ့ ဒီဂျစ်တယ်ကမ္ဘာကို မှတ်ပုံတင်အချက်အလက်နဲ့ ချိတ်ဆက်လိုနေပါတယ်။ တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၁ ရက်အရောက် ဆယ်လ်ဖုန်းသစ် ဒါမှမဟုတ် ဆယ်လူလာ data စာချုပ်ကို ဝယ်ယူတဲ့လူတိုင်း နိုင်ငံသားမှတ်ပုံတင်ပြဖို့ လိုအပ်သလို ကိုယ်ပိုင်လက္ခဏာကို အတည်ပြုဖို့ face scan လည်းပြုလုပ်ရပါမယ်။ တရုတ်အစိုးရအနေနဲ့ ဖုန်းဝန်ဆောင်မှုတွေကို လျှို့ဝှက်စွာသုံးစွဲမှုနဲ့ လိမ်လည်မှု ပြုလုပ်တာတွေကိုလျှော့ချဖို့ ဖြစ်တယ်လို့ သိရပါတယ်။

အခုကိစ္စဟာ တစ်ကိုယ်ရေ လုံခြုံရေးအချက်အလက်ကာကွယ်မှု ပြဿနာကို ကျော်လွန်နေပါတယ်။ တရုတ်အစိုးရဟာ မျိုးနွယ်စုတွေ ဖိနှိပ်၊ ခြေရာခံဖို့ facial recognition ကိုအသုံးပြုနေပြီး အစိုးရရဲ့ နာမည်ပျက်စာရင်းမှာ ပါဝင်တဲ့ လူတွေကနေ ခရီးသွားနဲ့ ကားတွေကို သိနိုင်ဖို့ facial recognition ကို အသုံးပြုနေပါတယ်။ ဖုန်းဝယ်ယူသူတွေက မျက်နှာကို scan လုပ်ပြီးနောက် အချက်အလက်တွေကို ဖယ်ရှားတာ ဒါမှမဟုတ် အရေးကြီးတဲ့ အချက်အလက်တွေနဲ့ ပေါင်းစပ်မလားဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ မျက်နှာကို scan ပြုလုပ်တာဟာ စောင့်ကြည့်မှုအတွက် အလွန်အသုံးဝင်ပြီး အဓိကပစ်မှတ်တွေ ဖြစ်လာနိုင်ပါတယ်။

တရုတ်နိုင်ငံမှာ facial recognition အသုံးပြုမှု ကျယ်ပြန့်လာဖို့ စည်းရုံးနေတဲ့ သက်သေတွေရှိပါတယ်။ Facial recognition ကို လူမှုကွန်ရက်တွေ ဒါမှမဟုတ် အမှုအခင်းတွေမှာ အသုံးပြုဖို့ ရှိနေပါတယ်။ အစိုးရအနေနဲ့ ကျောင်းသားဦးရေကို လေ့လာစောင့်ကြည့်ဖို့ facial recognition ကို တက္ကသိုလ်မှာ စမ်းသပ်ခဲ့ပြီးနောက် အဲဒီစနစ်ကို အတင်းအကျပ် အသုံးမပြုဘူးလို့ ကတိပေးခဲ့ပါတယ်။

စိုးထက်
Ref: Engadget