တရားမဝင္ အြန္လိုင္းေလာင္းကစားေတြ ဦးေဆာင္ျပဳလုပ္တဲ့ ကိုရီးယားေတြကုိ ထိုင္းအာဏာပုိင္ေတြ ဖမ္းဆီး

ထိုင္းရဲေတြဟာ Bang Lamung ခ႐ိုင္မွာ အြန္လိုင္းေလာင္းကစားကုိ ဦးစီးလုပ္ကုိင္ေနတဲ့ အသက္ ၃၁ ႏွစ္ကေန ၃၆ ႏွစ္ အၾကားရွိတဲ့ ေတာင္ကုိရီးယားလူမ်ိဳး ၅ ဦးကို ဖမ္းဆီးခဲ့ပါတယ္။

အသက္ ၃၁ ႏွစ္ အရြယ္ရွိတဲ့ ခ်န္ဂ်ဴနဲ႔ ေဒါင္ဂ်ီအန္တို႔ကို tambon Nong Prue က Soi Nong Mai Kaen မွာရွိတဲ့ အိမ္နံပါ ၆၂/၇ မွာဖမ္းဆီးခဲ့တယ္လို႔ ႏိုင္ငံေတာ္ဆုိင္ရာ လက္ေထာက္ရဲအႀကီးအကဲက ေျပာခဲ့ပါတယ္။

အသက္ ၃၃ ႏွစ္အရြယ္ ေတးေယာင္ကင္မ္၊ အသက္ ၃၆ ႏွစ္အရြယ္ ဂ်န္ဝုဒ္ဂ်င္နဲ႔ အသက္ ၃၄ ႏွစ္အရြယ္ ဆန္ဝူကင္မတို႔ကိုေတာ့ tambon Nong Prue အတြင္းက Chokchai Garden Home အိမ္ရာအတြင္းက ၇၇/၆၅မွာ ဖမ္းဆီးခဲ့ပါတယ္။ အိမ္ႏွစ္လုံးဟာ ပတၱရားၿမိဳ႕နဲ႔နီးပါတယ္။

ရဲေတြအေနနဲ႔ ကြန္ပ်ဴတာေတြ၊ software အသုံးျပဳထားတဲ့ အြန္လိုင္းေလာင္းကစားဝက္ဘ္ဆိုက္ေတြနဲ႔ ေလာင္းကစားသူေတြရဲ႕ အခ်က္အလက္ေတြကိုလည္း သိမ္းဆည္းရရွိခဲ့ပါတယ္။

ပထမဆုံး သံသယရွိသူႏွစ္ဦးဟာ Soulmate လို႔ေခၚတဲ့ အားကစားေလာင္းကစားဝက္ဘ္ဆိုက္ကို လုပ္ကုိင္ခဲ့ၿပီး က်န္တဲ့သူေတြက Coca Cola ဝက္ဘ္ဆိုက္ကို လည္ပတ္ေအာင္ ေဆာင္ရြက္ခဲ့ၾကပါတယ္။

အဲဒီဝက္ဘ္ဆိုက္ႏွစ္ခုမွာ ဝမ္သန္းရာေပါင္းမ်ားစြာနဲ႔ ညီမွ်တဲ့ ဘတ္ေငြ ၃၀၀,၀၀၀ နဲ႔ ၄၀၀,၀၀၀ အၾကားရွိတဲ့ ေငြေၾကးေတြ လည္ပတ္ေနတယ္လို႔ ႏိုင္ငံေတာ္ဆုိင္ရာ လက္ေထာက္ရဲအႀကီးအကဲကေျပာခဲ့ပါတယ္။
ဖမ္းဆီးခံရသူေတြကို တရားမဝင္ေလာင္းကစားမႈနဲ႔ စြဲခ်က္တင္ထားပါတယ္။

စိုးထက္
Ref: BangkokPost

[ Unicode ]

ထိုင်းရဲတွေဟာ Bang Lamung ခရိုင်မှာ အွန်လိုင်းလောင်းကစားကို ဦးစီးလုပ်ကိုင်နေတဲ့ အသက် ၃၁ နှစ်ကနေ ၃၆ နှစ် အကြားရှိတဲ့ တောင်ကိုရီးယားလူမျိုး ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ်ရှိတဲ့ ချန်ဂျူနဲ့ ဒေါင်ဂျီအန်တို့ကို tambon Nong Prue က Soi Nong Mai Kaen မှာရှိတဲ့ အိမ်နံပါ ၆၂/၇ မှာဖမ်းဆီးခဲ့တယ်လို့ နိုင်ငံတော်ဆိုင်ရာ လက်ထောက်ရဲအကြီးအကဲက ပြောခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် တေးယောင်ကင်မ်၊ အသက် ၃၆ နှစ်အရွယ် ဂျန်ဝုဒ်ဂျင်နဲ့ အသက် ၃၄ နှစ်အရွယ် ဆန်ဝူကင်မတို့ကိုတော့ tambon Nong Prue အတွင်းက Chokchai Garden Home အိမ်ရာအတွင်းက ရ၇/၆၅မှာ ဖမ်းဆီးခဲ့ပါတယ်။ အိမ်နှစ်လုံးဟာ ပတ္တရားမြို့နဲ့နီးပါတယ်။

ရဲတွေအနေနဲ့ ကွန်ပျူတာတွေ၊ software အသုံးပြုထားတဲ့ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်တွေနဲ့ လောင်းကစားသူတွေရဲ့ အချက်အလက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

ပထမဆုံး သံသယရှိသူနှစ်ဦးဟာ Soulmate လို့ခေါ်တဲ့ အားကစားလောင်းကစားဝက်ဘ်ဆိုက်ကို လုပ်ကိုင်ခဲ့ပြီး ကျန်တဲ့သူတွေက Coca Cola ဝက်ဘ်ဆိုက်ကို လည်ပတ်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။

အဲဒီဝက်ဘ်ဆိုက်နှစ်ခုမှာ ဝမ်သန်းရာပေါင်းများစွာနဲ့ ညီမျှတဲ့ ဘတ်ငွေ ၃၀၀,၀၀၀ နဲ့ ၄၀၀,၀၀၀ အကြားရှိတဲ့ ငွေကြေးတွေ လည်ပတ်နေတယ်လို့ နိုင်ငံတော်ဆိုင်ရာ လက်ထောက်ရဲအကြီးအကဲကပြောခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေကို တရားမဝင်လောင်းကစားမှုနဲ့ စွဲချက်တင်ထားပါတယ်။

စိုးထက်
Ref: BangkokPost