တရားမဝင္သြယ္တန္းထားသည့္ Fiber Cable မ်ား ဇူလိုင္ (၂) ရက္မွ စတင္ဖယ္ရွားမည္

[ Zawgyi ]

Fiber Cable ေတြ တရားမဝင္ သြယ္တန္းထားတာကို ဇူလိုင္ (၂) ရက္ကစလို႔ ဖယ္ရွားမွာျဖစ္ ေၾကာင္းသိရပါတယ္။

ရန္ကုန္ၿမိဳ႕အတြင္းမွာ တည္ေဆာက္ထားတဲ့ ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းပိုင္ဆက္သြယ္ ေရးတိုင္ေတြေပၚမွာ ခြင့္ျပဳခ်က္မရွိဘဲ Fiber Cable ေတြ တရားမဝင္ သြယ္တန္းထားတာကို စိစစ္ေတြ႔ရွိေနရေၾကာင္း ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းက အသိေပးေၾကညာပါတယ္။ အဲဒီလို တရားမဝင္ သြယ္တန္းထားတဲ့ Fiber Cable ေတြနဲ႔ပတ္သက္ၿပီး လာေရာက္ဆက္သြယ္၊ ဖယ္ရွားေပးဖို႔အတြက္ သက္ဆိုင္ရာ ကုမၸဏီေတြကို ၂၀၁၇ ခုႏွစ္၊ ဇြန္လ ၂၃ ရက္မွာလည္းေကာင္း၊ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ၂၈ မွာလည္းေကာင္း၊ ၂၀၁၈ ခုႏွစ္ ဇြန္လ ၁၂ ရက္မွာလည္းေကာင္း အသိေပးေၾကညာခဲ့ေၾကာင္း အသိေပး အေၾကာင္းၾကားခဲ့ၿပီး ျဖစ္ေၾကာင္း ဆိုပါတယ္။

တရားမဝင္ သြယ္တန္းထားတဲ့ Fiber Cable ေတြကို သက္ဆိုင္ရာကုမၸဏီအေနနဲ႔ ဇြန္ ၃၀ ရက္အတြင္း လာေရာက္ဆက္သြယ္၊ ဖယ္ရွားေပးဖို႔နဲ႔ လာေရာက္ဆက္သြယ္ ဖယ္ရွားျခင္း မရွိရင္ ဇူလိုင္ ၂ ကေနစၿပီး ဖယ္ရွားသြားမွာျဖစ္ေၾကာင္း၊ တည္ဆဲဥပေဒ၊ နည္းဥပေဒနဲ႔အညီ အေရးယူေဆာင္ရြက္မွာျဖစ္ေၾကာင္း ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းက ႏိုင္ငံပိုင္သတင္း စာကေနတစ္ဆင့္ အသိေပးေၾကညာ ပါတယ္။

-ထြန္းထြန္း

[ Unicode ]

Fiber Cable တွေ တရားမဝင် သွယ်တန်းထားတာကို ဇူလိုင် (၂) ရက်ကစလို့ ဖယ်ရှားမှာဖြစ် ကြောင်းသိရပါတယ်။

ရန်ကုန်မြို့အတွင်းမှာ တည်ဆောက်ထားတဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင်ဆက်သွယ် ရေးတိုင်တွေပေါ်မှာ ခွင့်ပြုချက်မရှိဘဲ Fiber Cable တွေ တရားမဝင် သွယ်တန်းထားတာကို စိစစ်တွေ့ရှိနေရကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အသိပေးကြေညာပါတယ်။ အဲဒီလို တရားမဝင် သွယ်တန်းထားတဲ့ Fiber Cable တွေနဲ့ပတ်သက်ပြီး လာရောက်ဆက်သွယ်၊ ဖယ်ရှားပေးဖို့အတွက် သက်ဆိုင်ရာ ကုမ္ပဏီတွေကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှာလည်းကောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၈ မှာလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်မှာလည်းကောင်း အသိပေးကြေညာခဲ့ကြောင်း အသိပေး အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း ဆိုပါတယ်။

တရားမဝင် သွယ်တန်းထားတဲ့ Fiber Cable တွေကို သက်ဆိုင်ရာကုမ္ပဏီအနေနဲ့ ဇွန် ၃၀ ရက်အတွင်း လာရောက်ဆက်သွယ်၊ ဖယ်ရှားပေးဖို့နဲ့ လာရောက်ဆက်သွယ် ဖယ်ရှားခြင်း မရှိရင် ဇူလိုင် ၂ ကနေစပြီး ဖယ်ရှားသွားမှာဖြစ်ကြောင်း၊ တည်ဆဲဥပဒေ၊ နည်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက နိုင်ငံပိုင်သတင်း စာကနေတစ်ဆင့် အသိပေးကြေညာ ပါတယ်။

-ထွန်းထွန်း