တယ်လီနောနှင့်တယ်လီနောသုံးစွဲသူများမှ အမျိုးသားအဆင့် ဗဟိုကော်မတီထံ မြန်မာကျပ်​ငွေ သန်း ၇၀ လှူဒါန်း

တယ်လီနောနှင့်တယ်လီနောသုံးစွဲသူတွေက နိုင်ငံတော်အစိုးရရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံ မြန်မာကျပ်​ငွေ သန်း ၇၀ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

တယ်လီနောသုံးစွဲသူများက မြန်မာကျပ်ငွေ ၅.၇ သန်းကို စာတိုပေးပို့မှုမှတစ်ဆင့် လှူဒါန်းခဲ့ပြီး တယ်လီနောမြန်မာမှ မြန်မာကျပ်​ငွေ သန်း ၆၀ ကျော် (သန်း ၆၄.၃ ကျပ်) ကို ထပ်ဆောင်းလှူဒါန်းခဲ့တာဖြစ်ပါတယ်။

တယ်လီနောမြန်မာအ​နေနဲ့ မြန်မာ့ပထမဦးဆုံး ကိုဗစ်-၁၉ လူနာကို မတ်လအတွင်း တွေ့ရှိစဉ်ကတည်းက ကိုဗစ်-၁၉ ရောဂါအခြေ‌အနေနှင့် ပတ်သက်ကာ အနီးကပ် လေ့လာစောင့်ကြည့်လျက်ရှိပြီး လူမှုအသိုင်းအဝိုင်းများ လုံခြုံရေး၊ ဆက်သွယ်ချိတ်ဆက်မှု မပြတ်တောက်စေရေး၊ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းတို့ကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ဒါ့အပြင် စောင့်ကြည့်ခံပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်းတို့ထံ လာရောက်တွေ့ဆုံသူများ ဘေးကင်းလုံခြုံစေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်နိုင်ရန် တစ်ကိုယ်ရေသုံး သန့်ရှင်းရေး၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ကို Network Activities Group (NAG) မှတစ်ဆင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်ရှိ ယာယီ ကိုဗစ်-၁၉ စောင့်ကြည့်စင်တာ ၁၅ ခု သို့ လှူဒါန်း ပေးအပ်ခဲ့ပြီး အသွားအလာကန့်သတ် စောင့်ကြည့်ခံနေရတဲ့ ပြည်သူများ အဆက်အသွယ် မပြတ်တောက်စေဖို့ တယ်လီနောမြန်မာရဲ့ ဒေတာ 1GB ပါဝင်တဲ့ ဆင်းမ်ကတ်ပေါင်း (၂၅,၀၀၀) ကို သက်ဆိုင်ရာစင်တာများရှိ ဒေသတွင်းအစိုးရအဖွဲ့အစည်းများထံသို့ ပံ့ပိုးကူညီတာ​တွေ လုပ်​ဆောင်ခဲ့တယ် လို့သိရပါတယ်။

-ရဲထွဋ်ဝင်း