တယ်လီနောဆင်းမ်ကတ်များကို အွန်လိုင်းမှတစ်ဆင့် ဝယ်ယူနိုင်

ရန်ကုန်မြို့တွင်း အခမဲ့ အိမ်တိုင်ရာရောက် ပေးပို့ဝန်ဆောင်မှုနဲ့ တယ်လီနောဆင်းမ်ကတ်တွေကို အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်မယ်လို့ တယ်လီနောရဲ့တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တယ်လီနောမြန်မာရဲ့ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ်ဖြစ်သူ Amaresh Kumar က “တယ်လီနောမြန်မာ အနေနဲ့ သုံးစွဲသူတွေ အဆက်အသွယ် မပြတ်တောက်သွားစေဖို့၊ စိတ်လှုပ်ရှားဖို့ကောင်းပြီး ဆန်းသစ်တီထွင်မှုရှိတဲ့ ဝန်ဆောင်မှုအသစ်တွေကို ဖန်တီးပြီး ဘဝအတွက် ပိုမို အဓိပ္ပာယ်ရှိတဲ့ အရာတွေကို ယူဆောင်လာပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ အထူးသဖြင့် အခုလို ခက်ခဲတဲ့ အချိန်ကာလမျိုးမှာ သုံးစွဲသူတွေက သူတို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အရောင်းကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို အိမ်အရောက် ဘေးကင်းကင်းနဲ့ ပို့ဆောင်ပေးတာမျိုးကို လိုချင်တယ်ဆိုတာ သိနားလည်ထားပါတယ်။ ဘေးကင်းလုံခြုံပြီး အဆက်အသွယ် မပြတ်တောက်သွားဖို့ဆိုတာ အိမ်ထောင်စု အများစုအတွက် အဓိက လိုအပ်ချက်ပါ။ Ongo နဲ့ ပူးပေါင်းပြီး ဈေးကွက်ထဲမှာ လိုအပ်နေတဲ့ အခုလို ဝန်ဆောင်မှုမျိုးကို ပထမဦးဆုံး မိတ်ဆက်ပေးနိုင်ခဲ့တဲ့ အော်ပရေတာတစ်ဦး အနေနဲ့ စိတ်လှုပ်ရှားမိပါတယ်”လို့ ပြောပါတယ်။

လက်ရှိသုံးစွဲသူ တွေ၊သုံးစွဲသူအသစ် တွေအနေနဲ့ တယ်လီနောမြန်မာဝက်ဆိုက်မှာ အောက်တိုဘာ ၁ ရက်မှ စတင်ကာ မိမိစိတ်ကြိုက်နံပါတ်တွေကို ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ငွေပေးချေမှုတွေကို အိမ်အရောက်ပို့ ငွေချေစနစ်နဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဆင်းမ်ကတ်တစ်ခုကို မြန်မာငွေကျပ် ၁,၅၀၀ သာ ကျသင့်မှာဖြစ်ပြီး တယ်လီနောမြန်မာရဲ့ ပစ္စည်းပို့ဆောင်ရေး မိတ်ဖက်ဖြစ်တဲ့ Ongo မှ ၄၈ နာရီအတွင်း အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««