တယ်လီကွန်းပညာရေးဝန်ဆောင်မှု မိတ်ဆက်

တယ်လီနောနဲ့ Strategy First University တို့ပူးပေါင်းပြီး တယ်လီကွန်းပညာရေးဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါတယ်။

Telenor Classroom မှာ စဉ်ဆက်မပြတ် လေ့လာသင်ယူမှုများကို ထောက်ပံ့ပေးစွမ်းရန်အတွက် အစီအစဉ်တစ်ခု ဖြစ်ပြီး တယ်လီနောသုံးစွဲသူတွေ အနေနဲ့ SFU ရဲ့ သီးသန့်သင်ခန်းစာတွေကို အချိန်မရွေး၊ နေရာမရွေး မိုဘိုင်းဖုန်းပေါ်မှတစ်ဆင့် အလွယ်တကူ လေ့လာသင်ကြားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အစီအစဉ်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနဲ့ ကျွမ်းကျင်ဝန်ထမ်းများအတွက် စီးပွားရေးစီမံခန့်ခွဲမှု သင်ခန်းစာတွေအပြင် ကျောင်းသားလူငယ်တွေအတွက် အခြေခံပညာရေး အကြောင်းအရာတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

“ကျွန်တော်တို့အားလုံးက ခေတ်နဲ့အမီလိုက်နိုင်ဖို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့အတွက် စဉ်ဆက်မပြတ် ပြောင်းလဲမှုတွေ ကို မျက်ခြည်မပျက်ကြည့်နေရင်း သက်ဆိုင်ရာ အကြောင်းအရာတွေကိုလည်း အမြဲလေ့လာနေဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗဟုသုတက ကျွန်တော်တို့အားလုံးရဲ့ဘဝအတွက် တန်ဖိုးဖြတ်မရတဲ့ အရာတွေ အများကြီး ဆောင်ယူပေးနိုင်လို့လည်း ဖြစ်ပါတယ်။ လူအတော်များများက ကိုဗစ်-၁၉ ကြောင့် ကန့်သတ်မှုတွေနဲ့ နေထိုင်နေ ရချိန်မှာ ကောင်းမွန်တဲ့အလေ့အကျင့်တွေဖြစ်လာဖို့ ဒါမှမဟုတ် ကျွမ်းကျင်မှုအသစ်တွေကို လေ့လာဖို့ အချိန်တွေ ကို အကျိုးရှိရှိ အသုံးချလျက်ရှိပါတယ်။ MyTelenor အက်ပလီကေးရှင်းကနေတစ်ဆင့် မိတ်ဆက်လိုက်တဲ့ Telenor Classroom ဝန်ဆောင်မှုဟာဆိုရင် သုံးစွဲသူတွေအနေနဲ့ အပေါ်ကပြောခဲ့တဲ့ အလားအလာတွေအတွက် ပြင်ဆင်ရင်း တိုးတက်မှုအတွက် Telenor Classroom ကို အကောင်းဆုံး အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အွန်လိုင်းလေ့လာမှုနဲ့ စဉ်ဆက်မပြတ် လေ့လာမှုတွေကတစ်ဆင့် တိုးတက်မှုတွေကို လုပ်ဆောင်နိုင်တယ်လို့ တယ်လီနောအနေနဲ့ အခိုင်အမာယုံကြည်ပါတယ်။ ပြီးတော့ တယ်လီနောမှာလည်း ရာထူးအဆင့်အားလုံးက ဝန်ထမ်းတွေကို တစ်နှစ်တာအတွင်း အွန်လိုင်းကနေ လေ့လာမှု နာရီ ၄၀ ထက်မနည်းရှိစေဖို့ တိုက်တွန်းလာခဲ့တာ နှစ်များစွာရှိနေပါပြီ။ SFU နဲ့ လက်တွဲပြီးတော့ ကျွန်တော်တို့တွေ ဒီအခွင့်အရေးကို ကျွန်တော်တို့ရဲ့ သုံးစွဲ သူတွေထံ ချဲ့ထွင်ပေးနိုင်မှာမို့ စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ ဒီပူးပေါင်းမှုက မြန်မာနိုင်ငံမှာရှိတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေနဲ့ ဆန်းသစ်ဖန်တီးမှုတွေကို လှုံ့ဆော်အားပေးတဲ့ အရာတစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်” လို့ တယ်လီနောမြန်မာရဲ့ အမှုဆောင်အရာရှိချုပ် Jon Omund Revhaug ကပြောပါတယ်။

Telenor Classroom မှ သီးသန့် မိတ်ဆက်သင်ခန်းစာများမှာ လုပ်ငန်းခွင်မှ ဝန်ထမ်းများ၊ အခြေခံကျောင်းသား လူငယ်များအကြား အခမဲ့ လေ့လာနိုင်မှာဖြစ်ပြီး သင်ခန်းစာတွေကို ဇွန် ၂၄ ရက်မှ စတင်၍ MyTelenor အက်ပလီကေးရှင်းမှာ အခမဲ့လေ့လာနိုင်မှာဖြစ်ကာ ဒေတာအသုံးပြုခသာ ကျသင့်မယ်လို့ သိရပါတယ်။

Strategy First University ရဲ့ တည်ထောင်သူနှင့်ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ချစ်ခင်က “MyTelenor အက်ပလီ ကေးရှင်း ပလက်ဖောင်းကနေ အခုလို အသုံးပြုလို့ရတယ်ဆိုတာ တကယ့်ကိုကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ ပြောရမယ်ဆိုရင်တော့ လေ့လာဆည်းပူးရေးဆိုတာ ကိုယ့်ရဲ့ အိတ်ကပ်ထဲမှာ ကိုယ်နဲ့ အမြဲအတူတူ ရှိနေသလိုမျိုး ပေါ့။ လူတွေက မိုဘိုင်းဖုန်းတွေကို ပိုမိုအသုံးပြုလာကြတာနဲ့အမျှ လေ့လာတဲ့ ပုံစံ၊ ဗဟုသုတ ရှာဖွေတဲ့ ပုံစံတွေ လည်း ပြောင်းလဲလာကြပါတယ်။ အထူးသဖြင့် အခုလို အချိန်မျိုးမှာ ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေ၊ အခွင့်အလမ်းတွေကို ဒစ်ဂျစ်တယ်ချန်နယ်တွေကနေတစ်ဆင့် ပံ့ပိုးပေးနိုင်ဖို့ဆိုတာ တကယ်ကို အရေးကြီးပါ တယ်” လို့ ပြောကြားခဲ့ပါတယ်။

တယ်လီနောသုံးစွဲသူတွေအနေနဲ့ MyTelenor အက်ပလီကေးရှင်းမှာ စာရင်းပေးသွင်းရုံနဲ့ Telenor Classroom မှ သင်ခန်းစာများကို ကိုယ်နဲ့မကွာ လေ့လာနိုင်မှာဖြစ်ပြီး လက်ရှိအချိန်မှာ ဘာသာရပ် မိတ်ဆက်သင်ခန်းစာ ၉ ခုကို စတင်လေ့လာနိုင်ပြီ ဖြစ်ပါတယ်။

-အောင်သူ