တယ်လီနော ပလက်တီနမ်စတားအဆင့်ရ အသုံးပြုသူများ CB-Telenor Co-Branded Visa အကြွေးဝယ်ကတ် လျှောက်ထားနိုင်
[ Zawgyi ]
တယ်လီနောပလက်တီနမ် စတားအဆင့်ရ အသုံးပြုသူများအနေနဲ့ CB-Telenor Co-Branded Visa အကြွေးဝတ်ကတ်ကို https://cardapp.cbbank.com.mm/telenor-star မှလျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်ထားပါက ပထမ ၅ နှစ်အတွက် နှစ်စဉ်ကြေး အခမဲ့အပြင် ကတ်ထုတ်ပေးခ အပေါ်မှာလည်း ၅၀ ရာခိုင်နှုန်းလျှော့ဈေး ခံစားခွင့်တွေကို ရရှိခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
Co-Branded ကတ်တွေကို Visa မှ ထုတ်ပေးထားတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ ကမ္ဘာတစ်ဝန်းရှိ ဈေးဝယ်နေရာပေါင်း ၅၃ သန်းကျော်မှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံမှာ Visa card ကို လျှောက်ထားရယူ အသုံးပြုသူတွေအနေနဲ့ နိုင်ငံတွင်းရှိ သတ်မှတ်ထားတဲ့ ဈေးဝယ်နေရာများမှ ပေးအပ်နေတဲ့ အထူးပရိုမိုးရှင်းအစီအစဉ်အပြင် အခြားသော အထူးအကျိုးခံစားခွင့်တွေကိုလည်း ရရှိခံစားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
[ Unicode ]
တယ်လီနောမြန်မာအနေနဲ့ CB Bank၊ Visa တို့နဲ့ ပူးပေါင်းပြီး CB-Telenor Co-Branded Visa အကြွေးဝယ်ကတ်ကို မိတ်ဆက်လိုက်ပါတယ်။
တယ်လီနောပလက်တီနမ် စတားအဆင့်ရ အသုံးပြုသူများအနေနဲ့ CB-Telenor Co-Branded Visa အကြွေးဝတ်ကတ်ကို https://cardapp.cbbank.com.mm/telenor-star မှလျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်ထားပါက ပထမ ၅ နှစ်အတွက် နှစ်စဉ်ကြေး အခမဲ့အပြင် ကတ်ထုတ်ပေးခ အပေါ်မှာလည်း ၅၀ ရာခိုင်နှုန်းလျှော့စျေး ခံစားခွင့်တွေကို ရရှိခံစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအနေနဲ့ အကြွေးဝတ်ကတ်တွေကို အွန်လိုင်းကဖြစ်စေ၊ CB ဘဏ်ရဲ့ ဘဏ်ခွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီးတော့ ဖြစ်စေ အလွယ်တကူ လျှောက်ထားရယူနိုင်မှာ ဖြစ်ပါတယ်”လို့ တယ်လီနောမြန်မာရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Sharad Mehrotra က ပြောပါတယ်။
တယ်လီနော အသုံးပြုသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ ငွေဖြည့်သွင်းမှု ပမာဏနဲ့ အသုံးပြုမှုကာလအပေါ် မူတည်ပြီး စတားအဆင့်ရ အသုံးပြုသူတွေအဖြစ် သတ်မှတ်ခံရမှာဖြစ်ကြောင်း၊ တယ်လီနောရဲ့ မိတ်ဖက်ကုန်အမှတ်တံဆိပ်ပေါင်း ၃၀၀ ကျော်မှ အထူးခံစားခွင့်တွေကို ရရှိနိုင်မှာဖြစ်ကြောင်း၊ ပုံမှန်ထက် ၃ ဆ ပိုမိုတဲ့ ကြိုသုံးငွေဝန်ဆောင်မှုနဲ့ အခြားသော ဦးစားပေးဝန်ဆောင်မှုတွေကို ရယူနိုင်မယ့်အပြင် သီးသန့် Postpaid အစီအစဉ်သို့ ပြောင်းလဲအသုံးပြုနိုင်မယ့် အခွင့်အရေး ရရှိမှာဖြစ်ကြောင်း သိရပါတယ်။တယ်လိီနော စတားအဆင့်ရ သုံးစွဲသူတစ်ဦးချင်းစီကို ဆင်းမ်ကတ်သုံးစွဲခဲ့တဲ့ သက်တမ်းကာလနဲ့ လွန်ခဲ့တဲ့ သုံးလအတွင်း ပျမ်းမျှ သုံးစွဲခဲ့တဲ့ ပမာဏပေါ်မူတည်ကာ Silver အဆင့်၊ Gold အဆင့်နဲ့ Platinum အဆင့် အသီသီး သတ်မှတ် ပေးကြောင်း သိရပါတယ်။
Co-Branded ကတ်တွေကို Visa မှ ထုတ်ပေးထားတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ ကမ္ဘာတစ်ဝန်းရှိ စျေးဝယ်နေရာပေါင်း ၅၃ သန်းကျော်မှာ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံမှာ Visa card ကို လျှောက်ထားရယူ အသုံးပြုသူတွေအနေနဲ့ နိုင်ငံတွင်းရှိ သတ်မှတ်ထားတဲ့ စျေးဝယ်နေရာများမှ ပေးအပ်နေတဲ့ အထူးပရိုမိုးရှင်းအစီအစဉ်အပြင် အခြားသော အထူးအကျိုးခံစားခွင့်တွေကိုလည်း ရရှိခံစားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။