တယ္လီေနာသုံးစြဲသူမ်ား ထိုင္းႏိုင္ငံသို႔ ၅ မိနစ္ ဖုန္းေခၚဆိုပါက ၅ မိနစ္ အပိုလက္ေဆာင္ရရွိမည္

[ Zawgyi ]

တယ္လီေနာ အသုံးျပဳသူေတြအေနနဲ႔ ထိုင္းနိုင္ငံရွိ မည္သည့္ ေအာ္ပေရတာကိုမဆို ဖုန္းေခၚဆိုမႈတိုင္းအတြက္ အပိုထပ္ေဆာင္း ၅ မိနစ္ရရွိမွာ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

အဆိုပါအခြင့္အေရးကို IDD pack နဲ႔ PAYGO အသုံးျပဳသူတိုင္း ရရွိနိုင္မွာျဖစ္ၿပီး မည္သည့္ စာရင္းေပးသြင္းျခင္း ထပ္မံလုပ္ေဆာင္ရန္ လိုအပ္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။ ၾသဂုတ္ ၂၂ ရက္မွ စတင္ၿပီး ထပ္မံေၾကညာတဲ့ ကာလအထိ တယ္လီေနာရဲ႕ prepaid သုံးစြဲသူတိုင္း မည္သည့္ ေအာ္ပေရတာနံပါတ္ကိုမဆို သို႔မဟုတ္ လိုင္းဖုန္းမ်ား (ၿဂိဳဟ္တုဆက္သြယ္ေရးဖုန္းမ်ားႏွင့္ အထူးသီးသန႔္နံပါတ္မ်ား မပါဝင္) သို႔ ဖုန္းေခၚဆိုမႈတိုင္းအတြက္ အပိုထပ္ေဆာင္း ၅ မိနစ္ကိုရရွိမွာ ျဖစ္ပါတယ္။ IDD pack နဲ႔ PAYGO သုံးစြဲသူေတြအေနနဲ႔ သီးသန႔္ စာရင္းေပးသြင္းျခင္း ျပဳလုပ္ရန္ မလိုအပ္ဘဲ ၅ မိနစ္ဖုန္းေျပာ၊ ၅ မိနစ္အပိုရ ဝန္ေဆာင္မႈကို ရရွိမွာျဖစ္ပါတယ္။

“ထိုင္းနိုင္ငံဟာ ျမန္မာနိုင္ငံရဲ႕ အနီးဆုံးမွာရွိေနတဲ့ အိမ္နီးခ်င္းနိုင္ငံတစ္ခု ျဖစ္ၿပီး ရာနဲ႔ခ်ီတဲ့ ျမန္မာေရႊ႕ေျပာင္း လုပ္သားေတြ၊ ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ခရီးသြားေတြ လစဥ္သြားေရာက္မႈေတြလည္း ရွိေနပါတယ္။ ကၽြန္ေတာ္တို႔ တယ္လီေနာက သုံးစြဲသူေတြရဲ႕ လိုအပ္ခ်က္ေတြကို ေကာင္းစြာနားလည္ၿပီး သူတို႔ရဲ႕ ခ်စ္ခင္ရသူေတြနဲ႔ နီးကပ္စြာ ဆက္သြယ္နိုင္ဖို႔အတြက္ ေဒသတြင္းမွာ အေကာင္းဆုံးေသာ ဆက္သြယ္ေရးစနစ္ကို အျပည့္အဝ သုံးစြဲ နိုင္ဖို႔ ေထာက္ပံ့ေပးတာျဖစ္ပါတယ္” လို႔ တယ္လီေနာျမန္မာရဲ႕ ေစ်းကြက္ေဖာ္ေဆာင္ေရးအရာရွိခ်ဳပ္ျဖစ္သူ Amaresh Kumar ကေျပာပါတယ္။

[ Unicode ]

တယ်လီနော အသုံးပြုသူတွေအနေနဲ့ ထိုင်းနိုင်ငံရှိ မည်သည့် အော်ပရေတာကိုမဆို ဖုန်းခေါ်ဆိုမှုတိုင်းအတွက် အပိုထပ်ဆောင်း ၅ မိနစ်ရရှိမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါအခွင့်အရေးကို IDD pack နဲ့ PAYGO အသုံးပြုသူတိုင်း ရရှိနိုင်မှာဖြစ်ပြီး မည်သည့် စာရင်းပေးသွင်းခြင်း ထပ်မံလုပ်ဆောင်ရန် လိုအပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ သြဂုတ် ၂၂ ရက်မှ စတင်ပြီး ထပ်မံကြေညာတဲ့ ကာလအထိ တယ်လီနောရဲ့ prepaid သုံးစွဲသူတိုင်း မည်သည့် အော်ပရေတာနံပါတ်ကိုမဆို သို့မဟုတ် လိုင်းဖုန်းများ (ဂြိုဟ်တုဆက်သွယ်ရေးဖုန်းများနှင့် အထူးသီးသန့်နံပါတ်များ မပါဝင်) သို့ ဖုန်းခေါ်ဆိုမှုတိုင်းအတွက် အပိုထပ်ဆောင်း ၅ မိနစ်ကိုရရှိမှာ ဖြစ်ပါတယ်။ IDD pack နဲ့ PAYGO သုံးစွဲသူတွေအနေနဲ့ သီးသန့် စာရင်းပေးသွင်းခြင်း ပြုလုပ်ရန် မလိုအပ်ဘဲ ၅ မိနစ်ဖုန်းပြော၊ ၅ မိနစ်အပိုရ ဝန်ဆောင်မှုကို ရရှိမှာဖြစ်ပါတယ်။

“ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အနီးဆုံးမှာရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်ပြီး ရာနဲ့ချီတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ခရီးသွားတွေ လစဉ်သွားရောက်မှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်တို့ တယ်လီနောက သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို ကောင်းစွာနားလည်ပြီး သူတို့ရဲ့ ချစ်ခင်ရသူတွေနဲ့ နီးကပ်စွာ ဆက်သွယ်နိုင်ဖို့အတွက် ဒေသတွင်းမှာ အကောင်းဆုံးသော ဆက်သွယ်ရေးစနစ်ကို အပြည့်အဝ သုံးစွဲ နိုင်ဖို့ ထောက်ပံ့ပေးတာဖြစ်ပါတယ်” လို့ တယ်လီနောမြန်မာရဲ့ စျေးကွက်ဖော်ဆောင်ရေးအရာရှိချုပ်ဖြစ်သူ Amaresh Kumar ကပြောပါတယ်။