တယ္လီဖုန္းကိရိယာႏွင့္ဆက္စပ္ပစၥည္းဆိုင္ရာလိုင္စင္ ၁၆၀ နီးပါးရွိလာ

[Zawgyi]

ထုတ္ေပးၿပီးတဲ့ တယ္လီဖုန္းကိရိယာႏွင့္ဆက္စပ္ပစၥည္းဆိုင္ရာလိုင္စင္ ေပါင္း ၁၅၉ ခု ရွိလာေၾကာင္းသိရပါတယ္။

၉.၅.၂၀၁၈ ရက္စြဲအထိထုတ္ေပးၿပီးတဲ့စာရင္းကို ထုတ္ျပန္ထားတာျဖစ္ပါတယ္။ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီးဌာန၊ ဆက္သြယ္ေရးညြန္ၾကားမႈဦးစီးဌာနကေန ထုတ္ေပးတဲ့ တယ္လီဖုန္းကိရိယာႏွင့္ ဆက္စပ္ပစၥည္းမ်ားေရာင္း၀ယ္ခြင့္လိုင္စင္ႏွင့္ စမ္း သပ္ျပသခြင့္လိုင္စင္လာေရာက္ေလွ်ာက္ထားသူေတြကို စိစစ္ေဆာင္ရြက္ၿပီး လိုင္စင္ထုတ္ ေပးခဲ့တာလို႔သိရပါတယ္။ ဆက္လက္ေလွ်ာက္ထားလာတဲ့ ကုမၸဏီေတြကို စိစစ္ၿပီး လိုင္စင္ ေတြထုတ္ေပးႏိုင္ဖို႔ေဆာင္ရြက္ေနတယ္လို႔ဆိုပါတယ္။


လက္ရွိခ်ထားေပးတဲ့ လိုင္စင္ေတြနဲ႔ မိုဘိုင္းဖုန္း ကိရိယာႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ လိုင္းဖုန္း PABX GDM, CDMA, WCDMA ဖုန္း စတဲ့ ပစၥည္းေတြကို ေရာင္းခ်ဝန္ေဆာင္မႈ ေပးလ်က္ရွိတယ္လို႔ ေတြ႔ရပါတယ္။ အဲဒီအျပင္ Server Cabinet, Work Station & Peripherals, Radio receiver, Radio transmitter အစရွိတဲ့ ပစၥည္းေရာင္းခ်ျခင္း ဝန္ေဆာင္မႈေတြကိုလည္း ေတြ႕ရပါတယ္။ ဝန္ေဆာင္မႈေပးေနတဲ့ ကုမၸဏီေတြဟာ ရန္ကုန္တိုင္းေဒသႀကီးနဲ႔ မႏၲေလးတိုင္းေဒသႀကီးတို႔မွ ကုမၸဏီမ်ားအမ်ားစုု ျဖစ္ေၾကာင္း ေတြ႕ရပါတယ္။

-ထြန္းထြန္း

 

[Unicode]

ထုတ်ပေးပြီးတဲ့ တယ်လီဖုန်းကိရိယာနှင့်ဆက်စပ်ပစ္စည်းဆိုင်ရာလိုင်စင် ပေါင်း ၁၅၉ ခု ရှိလာကြောင်းသိရပါတယ်။

၉.၅.၂၀၁၈ ရက်စွဲအထိထုတ်ပေးပြီးတဲ့စာရင်းကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနကနေ ထုတ်ပေးတဲ့ တယ်လီဖုန်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများရောင်းဝယ်ခွင့်လိုင်စင်နှင့် စမ်း သပ်ပြသခွင့်လိုင်စင်လာရောက်လျှောက်ထားသူတွေကို စိစစ်ဆောင်ရွက်ပြီး လိုင်စင်ထုတ် ပေးခဲ့တာလို့သိရပါတယ်။ ဆက်လက်လျှောက်ထားလာတဲ့ ကုမ္ပဏီတွေကို စိစစ်ပြီး လိုင်စင် တွေထုတ်ပေးနိုင်ဖို့ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

လက်ရှိချထားပေးတဲ့ လိုင်စင်တွေနဲ့ မိုဘိုင်းဖုန်း ကိရိယာနှင့် ဆက်စပ်ပစ္စည်းများ၊ လိုင်းဖုန်း PABX GDM, CDMA, WCDMA ဖုန်း စတဲ့ ပစ္စည်းတွေကို ရောင်းချဝန်ဆောင်မှု ပေးလျက်ရှိတယ်လို့ တွေ့ရပါတယ်။ အဲဒီအပြင် Server Cabinet, Work Station & Peripherals, Radio receiver, Radio transmitter အစရှိတဲ့ ပစ္စည်းရောင်းချခြင်း ဝန်ဆောင်မှုတွေကိုလည်း တွေ့ရပါတယ်။ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေဟာ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှ ကုမ္ပဏီများအများစုု ဖြစ်ကြောင်း တွေ့ရပါတယ်။

-ထွန်းထွန်း