တမင္ေရြးခ်ယ္ျခင္းမဟုတ္ဘဲ က်န္ရွိသည့္ နံပါတ္မ်ားကိုသာ ရရွိျခင္းျဖစ္ေၾကာင္း Mytel ေျပာၾကား

[ Zawgyi ]

Mytel အေနနဲ႔ ဆင္းမ္ကတ္နံပါတ္အစကို တမင္ေရြးခ်ယ္ခဲ့တာ မဟုတ္ေၾကာင္း Mytel ရဲ႕ ျပင္ပဆက္သြယ္ေရး အရာရွိခ်ဳပ္ ဦးေဇာ္မင္းဦးက ေျပာပါတယ္။

Numbering System နဲ႔ သြားတာျဖစ္ေၾကာင္း၊ ေနာက္ဆံုးေအာ္ပေရတာျဖစ္လို႔ က်န္ေနတဲ့နံပါတ္ကို ရရွိခဲ့ျခင္းသာျဖစ္ေၾကာင္း ေျပာၾကားပါတယ္။ “ကြ်န္ေတာ္တို႔ႏိုင္ငံမွာ နံပါတ္နဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္မ်ားမ်ားလည္း သိၿပီးသားျဖစ္ပါလိမ့္မယ္၊ နံပါတ္နဲ႔ ပတ္သက္ရင္ ၀၉ ၅ နဲ႔စတာေတြ GSM ေတြျဖစ္ပါတယ္ ၀၉၈၆ ဆို ကမ္းရိုးတန္းဖုန္းျဖစ္ပါတယ္၊ အားလံုးက Assign လုပ္ၿပီးသားျဖစ္ပါတယ္၊ ကြ်န္ ေတာ္တို႔အတြက္ ခ်န္ထားခဲ့တာ ၆ တစ္ခုပဲျဖစ္ပါတယ္” လို႔ေျပာပါတယ္။ နံပါတ္နဲ႔ပတ္သက္ၿပီး ေျပာဆိုေနၾကမႈနဲ႔ ပတ္သက္ၿပီး ရွင္းလင္းခဲ့တာ ျဖစ္ပါတယ္။

“ဒါက Numbering System နဲ႔သြားတဲ့အတြက္ Follow လုပ္ရတာျဖစ္ ပါတယ္၊ ဒီနံပါတ္က ကြ်န္ေတာ္တို႔ေရြးခဲ့တာ မဟုတ္ပါဘူး၊ ကြ်န္ေတာ္တို႔က ေနာက္ဆံုး ေအာ္ပေရတာျဖစ္တဲ့အတြက္ က်န္ေနတဲ့နံပါတ္ကို ရတာျဖစ္ပါတယ္” လို႔ေျပာၾကားခဲ့ပါတယ္။

-ထြန္းထြန္း

[ Unicode ]

Mytel အနေနဲ့ ဆင်းမ်ကတ်နံပါတ်အစကို တမင်ရွေးချယ်ခဲ့တာ မဟုတ်ကြောင်း Mytel ရဲ့ ပြင်ပဆက်သွယ်ရေး အရာရှိချုပ် ဦးဇော်မင်းဦးက ပြောပါတယ်။

Numbering System နဲ့ သွားတာဖြစ်ကြောင်း၊ နောက်ဆုံးအော်ပရေတာဖြစ်လို့ ကျန်နေတဲ့နံပါတ်ကို ရရှိခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားပါတယ်။ “ကျွန်တော်တို့နိုင်ငံမှာ နံပါတ်နဲ့ ပတ်သက်ပြီး တော်တော်များများလည်း သိပြီးသားဖြစ်ပါလိမ့်မယ်၊ နံပါတ်နဲ့ ပတ်သက်ရင် ၀၉ ၅ နဲ့စတာတွေ GSM တွေဖြစ်ပါတယ် ၀၉၈၆ ဆို ကမ်းရိုးတန်းဖုန်းဖြစ်ပါတယ်၊ အားလုံးက Assign လုပ်ပြီးသားဖြစ်ပါတယ်၊ ကျွန် တော်တို့အတွက် ချန်ထားခဲ့တာ ၆ တစ်ခုပဲဖြစ်ပါတယ်” လို့ပြောပါတယ်။ နံပါတ်နဲ့ပတ်သက်ပြီး ပြောဆိုနေကြမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

“ဒါက Numbering System နဲ့သွားတဲ့အတွက် Follow လုပ်ရတာဖြစ် ပါတယ်၊ ဒီနံပါတ်က ကျွန်တော်တို့ရွေးခဲ့တာ မဟုတ်ပါဘူး၊ ကျွန်တော်တို့က နောက်ဆုံး အော်ပရေတာဖြစ်တဲ့အတွက် ကျန်နေတဲ့နံပါတ်ကို ရတာဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

-ထွန်းထွန်း