တန္ေၾကး ေဒၚလာ ၁၀၀ ဘီလ်ံေက်ာ္ ဆုံး႐ႈံးခဲ့တဲ့ Facebook

[ Zawgyi ]

Facebook ဟာ ဇူလုိင္ ၂၅ ရက္ (ဗုဒၶဟူးေန႔) က ဒုတိယသုံးလပတ္ ဝင္ေငြစာရင္းကုိ ထုတ္ျပန္လိုက္ပါတယ္။ Facebook ရဲ႕ ဝင္ေငြစာရင္းရလဒ္ဟာ ေမွ်ာ္မွန္းထားတာထက္ ဆုိးဝါးခဲ့ၿပီး ရွယ္ယာတန္ဖိုး က်ဆင္းသြားသလို ေဈးကြက္တန္းဖိုး ေဒၚလာဘီလ်ံ ၁၀၀ေက်ာ္ ဆုံး႐ႈံးသြားခဲ့ပါတယ္။

Facebook ဟာ ဝင္ေငြ ၁၃.၂၃ ဘီလ်ံနဲ႔ ေန႔စဥ္သုံးစြဲသူ ၁.၄၇ ဘီလ်ံ ရရွိထားပါတယ္။ အဲဒီကိန္းဂဏန္းႏွစ္ခုစလုံးဟာ ေလ့လာ ဆန္းစစ္သူေတြရဲ႕ ခန္႔မွန္းခ်က္ထက္ နည္းပါးေနပါတယ္။ ေလ့လာဆန္းစစ္သူေတြက Facebook ဝင္ေငြ ၁၃.၃၆ ဘီလ်ံနဲ႔ ေန႔စဥ္သုံးစြဲသူ ၁.၄၉ ဘီလ်ံရွိမယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

မာ့ခ္ဇူကာဘတ္နဲ႔ အျခားအမႈေဆာင္ေတြဟာ Facebook ရဲ႕ News Feed မွာ အခ်ိန္ကို အေကာင္းဆုံး အသုံးခ်ႏိုင္မယ့္ေနရာအျဖစ္ ေျပာင္းလဲမႈအေပၚ လေပါင္းမ်ားစြာ သတိေပးခံခဲ့ရသလို အီးယူရဲ႕ GDPR စည္းမ်ဥ္းေတြေၾကာင့္လည္း တုိးတက္မႈနည္းပါးၿပီး ေၾကာ္ျငာဝင္ေငြေတြ နည္းပါးသြားပါတယ္။

“ၿပီးခဲ့တဲ့ အစည္းအေဝးမွာ ေျပာခဲ့သလုိပါပဲ။ ကၽြန္ေတာ္တို႔ဟာ လုံၿခဳံေရးကိစၥရပ္ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံထားၿပီး အျမတ္အစြန္းအေပၚ သက္ေရာက္မႈရွိလာမွာပါ။ ဒီသုံးလပတ္မွာ အဲဒါကုိ ကၽြန္ေတာ္တို႔ စတင္ျမင္ေတြ႕ေနရပါၿပီ” လို႔ ဇူကာဘတ္က ေျပာခဲ့ပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံသူေတြအေနနဲ႔ ရလဒ္အေပၚ တုန္လႈပ္ေခ်ာက္ခ်ားခဲ့ၾကပါတယ္။ Facebook ရဲ႕ရွယ္ယာေတြဟာ ရငး္ႏွီးျမႇဳပ္ႏွံသူေတြနဲ႔ ေတြ႕ဆုံစဥ္မွာ က်ဆင္းခဲ့ပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံသူေတြကလည္း တုိးတက္မႈနဲ႔ အနာဂတ္ ေၾကာ္ျငာဝင္ေငြနည္းပါးမႈအတြက္ Facebook ကုိ ဖိအားေပးခဲ့ၾကပါတယ္။

Facebook ရဲ႕ေန႔စဥ္သုံးစြဲသူတြဟာ အေမရိကန္မွာ မတိုးတက္လာခဲ့ပါဘူး။ အေမရိကန္ဟာ Facebook ရဲ႕အက်ိဳးရွိတဲ့ ေၾကာ္ျငာေဈးကြက္ျဖစ္ပါတယ္။ ဒါ့အျပင္ ဥေရာပရဲ႕ တစ္ကုိယ္ေရအခ်က္အလက္ စည္းမ်ဥ္းသစ္ေတြေၾကာင့္ ဥေရာပတိုက္က ေန႔စဥ္သုံးစြဲသူ ၃ သန္းကို Facebook လက္လြတ္ဆုံး႐ႈံးခဲ့ရပါတယ္။

စိုးထက္
Ref: Mashable

[ Unicode ]

Facebook ဟာ ဇူလိုင် ၂၅ ရက် (ဗုဒ္ဓဟူးနေ့) က ဒုတိယသုံးလပတ် ဝင်ငွေစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ Facebook ရဲ့ ဝင်ငွေစာရင်းရလဒ်ဟာ မျှော်မှန်းထားတာထက် ဆိုးဝါးခဲ့ပြီး ရှယ်ယာတန်ဖိုး ကျဆင်းသွားသလို ဈေးကွက်တန်းဖိုး ဒေါ်လာဘီလျံ ၁၀၀ကျော် ဆုံးရှုံးသွားခဲ့ပါတယ်။

Facebook ဟာ ဝင်ငွေ ၁၃.၂၃ ဘီလျံနဲ့ နေ့စဉ်သုံးစွဲသူ ၁.၄၇ ဘီလျံ ရရှိထားပါတယ်။ အဲဒီကိန်းဂဏန်းနှစ်ခုစလုံးဟာ လေ့လာ ဆန်းစစ်သူတွေရဲ့ ခန့်မှန်းချက်ထက် နည်းပါးနေပါတယ်။ လေ့လာဆန်းစစ်သူတွေက Facebook ဝင်ငွေ ၁၃.၃၆ ဘီလျံနဲ့ နေ့စဉ်သုံးစွဲသူ ၁.၄၉ ဘီလျံရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

မာ့ခ်ဇူကာဘတ်နဲ့ အခြားအမှုဆောင်တွေဟာ Facebook ရဲ့ News Feed မှာ အချိန်ကို အကောင်းဆုံး အသုံးချနိုင်မယ့်နေရာအဖြစ် ပြောင်းလဲမှုအပေါ် လပေါင်းများစွာ သတိပေးခံခဲ့ရသလို အီးယူရဲ့ GDPR စည်းမျဉ်းတွေကြောင့်လည်း တိုးတက်မှုနည်းပါးပြီး ကြော်ငြာဝင်ငွေတွေ နည်းပါးသွားပါတယ်။

“ပြီးခဲ့တဲ့ အစည်းအဝေးမှာ ပြောခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ လုံခြုံရေးကိစ္စရပ်တွေမှာ ရင်းနှီးမြှုပ်နှံထားပြီး အမြတ်အစွန်းအပေါ် သက်ရောက်မှုရှိလာမှာပါ။ ဒီသုံးလပတ်မှာ အဲဒါကို ကျွန်တော်တို့ စတင်မြင်တွေ့နေရပါပြီ” လို့ ဇူကာဘတ်က ပြောခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရလဒ်အပေါ် တုန်လှုပ်ချောက်ချားခဲ့ကြပါတယ်။ Facebook ရဲ့ရှယ်ယာတွေဟာ ရငး်နှီးမြှုပ်နှံသူတွေနဲ့ တွေ့ဆုံစဉ်မှာ ကျဆင်းခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကလည်း တိုးတက်မှုနဲ့ အနာဂတ် ကြော်ငြာဝင်ငွေနည်းပါးမှုအတွက် Facebook ကို ဖိအားပေးခဲ့ကြပါတယ်။

Facebook ရဲ့နေ့စဉ်သုံးစွဲသူတွဟာ အမေရိကန်မှာ မတိုးတက်လာခဲ့ပါဘူး။ အမေရိကန်ဟာ Facebook ရဲ့အကျိုးရှိတဲ့ ကြော်ငြာဈေးကွက်ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပရဲ့ တစ်ကိုယ်ရေအချက်အလက် စည်းမျဉ်းသစ်တွေကြောင့် ဥရောပတိုက်က နေ့စဉ်သုံးစွဲသူ ၃ သန်းကို Facebook လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။

စိုးထက်
Ref: Mashable