တန်ဖိုးနည်း Eluga I9 စမတ်ဖုန်းကို Panasonic ဖြန့်ချိ

Panasonic ဟာ တန်ဖိုးနည်း Android စမတ်ဖုန်း Eluga I9 ကို မိတ်ဆက်ခဲ့ပါတယ်။ Eluga I9 ကို ရူပီး ၇,၄၉၉ (၁၁၆ ဒေါ်လာ) နဲ့ရောင်းချသွားမှာဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ အိန္ဒိယရဲ့ Flipkart ကနေ ဝယ်ယူနိုင်ပါတယ်။

Eluga I9 မှာ မျက်နှာပြင် ၅ လက်မအရွယ် 720p IPS display ပါဝင်ပြီး အထူ ၇.၈ မီလီမီတာ သတ္တုစပ်ကိုယ်ထည်ဒီဇိုင်းကို အသုံးပြုထားပါတယ်။ ဒါ့အပြင် 1.25GHz quad-core CPU နဲ့အတူ MediaTek MT6737 အသုံးပြုထားသလို RAM 3GB နဲ့ storage 32GB တို့ ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာ 13 megapixel ဖြစ်ပြီး ရှေ့ဘက်ကင်မရာက 5 megapixel ဖြစ်ပါတယ်။ ကင်မရာနှစ်ခုစလုံးမှာ flash ပါဝင်လာပါတယ်။ ဘက်ထရီက 2500mAh ဖြစ်ပြီး Android 7.0 အသုံးပြုထားပါတယ်။

Eluga I9 ကို မီးခိုးရောင်၊ ရွှေရောင်နဲ့ အပြာရောင်ဆိုပြီး အရောင်သုံးမျိုးနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena