တတိယအကြိမ် မြန်မာစွန့်ဦးတီထွင်ပွဲတော် ၂ဝ၁၈ ကျင်းပမည်

[Zawgyi]


အဆိုပါပွဲတော်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များရဲ့ ဆွေးနွေးပွဲများ၊ ဟောပြောပို့ချမှုများ (Expert Talks)၊ ကနဦးတီထွင်လုပ်ငန်း (startup) များရဲ့ ပြခန်းများ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု ရှာဖွေသူများအတွက် pitching အစီအစဉ်များနဲ့ အချိန်ပိုင်းသင်တန်းများကို တစုတစည်းတည်း ပါဝင်ပြသသွားမှာဖြစ်ပါတယ်။


-ရဲထွဋ်ဝင်း

[Unicode]

တီထွင်ဆန်းသစ်မှုများနှင့် စွန့်ဦးတီထွင်ခြင်းများအတွက် မြန်မာစွန့်ဦးတီထွင်ပွဲတော် ၂ဝ၁၈ ကို တတိယအကြိမ်မြောက်အဖြစ် သြဂုတ်လ ၃ ရက်မှ ၅ ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ပြုလုပ်ကျင်းပသွားမယ်လို့သိရပါတယ်။

အဆိုပါပွဲတော်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များရဲ့ ဆွေးနွေးပွဲများ၊ ဟောပြောပို့ချမှုများ (Expert Talks)၊ ကနဦးတီထွင်လုပ်ငန်း (startup) များရဲ့ ပြခန်းများ၊ ငွေကြေးရင်းနှီးမြှုုပ်နှံမှု ရှာဖွေသူများအတွက် pitching အစီအစဉ်များနဲ့ အချိန်ပိုင်းသင်တန်းများကို တစုတစည်းတည်း ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

ပွဲတော်အတွင်း Startup Booths (ပြခန်းများ) တွေကို “အခမဲ့” ပါဝင်ပြသနိုင်မှာဖြစ်ပြီး ပါဝင်ပြသလိုတဲ့ လုပ်ငန်းများအနေနဲ့ အွန်လိုင်းဖောင် – http://bit.ly/2zvFja7 မှတစ်ဆင့် ဖြည့်သွင်း လျှောက်ထားနိုင်မှာဖြစ်ပြီး စိတ်ပါ၀င်စားတဲ့ မည်သူမဆို (အခမဲ့) တက်ရောက်နိုင်မှာဖြစ်ပါတယ်။ ပြပွဲနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း – ဝ၁၂၃ဝ၁၈၆၇၊ ဝ၁၂၃ဝ၁၅၇၃ သို့ ရုံးချိန်အတွင်း
ဆက်သွယ်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း