တတိယအကြိမ်မြောက် သင်္ချာထူးချွန်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်
[ Zawgyi ]
Sakamoto Maths Myanmar ရဲ့ တတိယအကြိမ်မြောက် သင်္ချာထူးချွန်ပြိုင်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကျောင်းသား၊ ကျောင်းသူတွေကို ခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။
သင်္ချာထူးချွန်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူတွေ အနေနဲ့ သြဂုတ် ၁၅ ရက်မတိုင်ခင်အထိ Sakamoto Maths Myanmar ကျောင်းများမှာ မှတ်ပုံတင်ကြေး ၅၀၀၀ ကျပ်နဲ့အတူ လူကိုယ်တိုင် လာရောက် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ ၁ လက်မပတ်လည် အရွယ်အစား ကာလာဓာတ်ပုံ ၂ ပုံ၊ မွေးစာရင်းမိတ္တူ တစ်စုံ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (သို့) ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် ကျောင်းသားကတ်မိတ္တူ တစ်စုံတို့နဲ့အတူ လူကိုယ်တိုင်လာရောက်စာရင်းသွင်းပြီး Sample Questions နဲ့ Examinee Number ကို လာရောက်ထုတ်ယူရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဖုန်း ၀၉- ၇၇၅၈၈၈၈၇၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
-ဝေဝေ
[ Unicode ]
Sakamoto Maths Myanmar ရဲ့ တတိယအကြိမ်မြောက် သချင်္ာထူးချွန်ပြိုင်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကျောင်းသား၊ ကျောင်းသူတွေကို ခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။
ကျောင်းပေါင်းစုံ သချင်္ာထူးချွန်ပြိုင်ပွဲကို သြဂုတ် ၁၈ ရက်၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သချင်္ာထူးချွန်ပြိုင်ပွဲကို ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ ဘားအံ၊ မုံရွာ၊ မော်လမြိုင် နဲ့ တောင်ကြီးတို့ရှိ Sakamoto Maths Myanmar ရဲ့ကျောင်းခွဲများမှာ ကျင်းပသွားမှာဖြစ်ပြီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူတိုင်း ၀င်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ သချင်္ာထူးချွန်ပြိုင်ပွဲမှာ အသက်အရွယ် အလိုက် အဆင့် ၅ ဆင့်ရှိပြီး ၂၀၁၈ နှစ်ကုန်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ အသက်အရွယ်အလိုက် ခွဲခြားထားတာကြောင့် ပါ၀င်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ ၎င်းတို့နဲ့ အသက်တူအဆင့်တွင်သာ ယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆင့်အသီးသီးအလိုက် ပထမရရှိသူတွေကို Sakamoto Maths Myanmar ကျောင်းများမှာ တစ်နှစ်စာပညာသင်ဆုနှင့်ဆုတံဆိပ်များ ချီးမြှင့်သွားမှာဖြစ်ပြီး ဒုတိယဆုရရှိသူတွေကို ဒေါ်လာ ၂၀၀ တန် ပညာသင်ဆုနဲ့ တတိယ ရရှိသူတွေကို ဒေါ်လာ ၁၀၀ တန် ပညာသင်ဆုစတဲ့ ဆုများ အသီးသီး ချီးမြှင့်သွားမှာဖြစ်ပါတယ်။ တစ်ဦးချင်းစီရဲ့စာမေးပွဲရလဒ် ရမှတ်များအပေါ်မူတည်ပြီး ဂုဏ်ထူးဆောင်လက်မှတ်၊ ကျွမ်းကျင်မှုအသိအမှတ်ပြုလတ်မှတ်နဲ့ ပြိုင်ပွဲဝင်အသိအမှတ်ပြုတဲ့ ဂုဏ်ပြုလက်မှတ်များလည်း ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
သချင်္ာထူးချွန်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူတွေ အနေနဲ့ သြဂုတ် ၁၅ ရက်မတိုင်ခင်အထိ Sakamoto Maths Myanmar ကျောင်းများမှာ မှတ်ပုံတင်ကြေး ၅၀၀၀ ကျပ်နဲ့အတူ လူကိုယ်တိုင် လာရောက် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ ၁ လက်မပတ်လည် အရွယ်အစား ကာလာဓာတ်ပုံ ၂ ပုံ၊ မွေးစာရင်းမိတ္တူ တစ်စုံ၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် (သိုု့) ၂၀၁၉ -၂၀၂၀ ပညာသင်နှစ် ကျောင်းသားကတ်မိတ္တူ တစ်စုံတို့နဲ့အတူ လူကိုယ်တိုင်လာရောက်စာရင်းသွင်းပြီး Sample Questions နဲ့ Examinee Number ကို လာရောက်ထုတ်ယူရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဖုန်း ၀၉- ရ၇၅၈၈၈၈၇၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။