
Android ပေါ်က Maps သုံးစွဲသူတွေ တည်နေရာနဲ့ လမ်းကြောင်းအတိအကျ ကို သိနိုင်ဖို့ Live View AR ကို အသုံးပြုနိုင်ပါပြီ။
လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက Google Maps ဟာ Live View လမ်းလျှောက်လမ်းညွှန်တွေကို ဖြန့်ချိခဲ့တယ်။ ဒါကြောင့် ဖုန်းကင်မရာအသုံးပြုပြီး လမ်းလျှောက်ပြီး လမ်းရှာတဲ့အခါ ပိုမိုအဆင်ပြေပါတယ်။
OnePlus 8 Pro က Google Maps ဗားရှင်းမှာ Live View AR ကို အသုံးပြုပြီး တည်နေရာကို ချိန်ညှိနိုင်ပါတယ်။ သုံးစွဲသူက အပြာရောင်တည်နေရာ အစက်ကို နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။ ARCore app တွေအတွက် ကင်မရာထောက်ပံ့မှု ရှိတဲ့ Android စမတ်ဖုန်းတွေမှာ အသုံးပြုနိုင်ပါမယ်။
-စိုးထက်
Ref: GSMArena