တစ်ဦးချင်းသင်ကြားပေးမည့် Mobile Phone Advance Course သင်တန်းဖွင့်လှစ်မည်

Mobile Phone ပြုပြင်ရေး သင်တန်းတက်ရာမှာ သင်တန်းသားစုံလင်အောင် စောင့်ရခြင်း၊ အားလပ်ရက် မရခြင်း ၊ အမြန်တတ်မြောက်လိုခြင်း စတဲ့ အကြောင်းအရာတွေကို ဖြေရှင်းနိုင်အောင် စီစဉ်ဖွင့်လှစ်လိုက်တဲ့ တစ်ဦးချင်းသင်ကြားပေးမယ့် Mobile Phone Advance Course သင်တန်းကို MOBILE K.S.E မှ ဖွင့်လှစ်မယ်လို့သိရပါတယ်။

သင်တန်းကာလ နှစ်ပတ်ကြာမြင့်မှာ ဖြစ်ပြီး Software & Hardware နှစ်မျိုးအတွက် သင်တန်းကြေး နှစ်သိန်းကျပ်ဖြစ်ပြီး ဘာသာရပ် တစ်ခုချင်း ခွဲတက်နိုင်မယ်လို့ သိရပါတယ်။ သင်တန်းမှာ သင်ထောက်ကူပစ္စည်း အစုံအလင်နဲ့ သင်ကြားပေးမှာ ဖြစ်သလို မိမိပြုပြင်လိုတဲ့ Error အလုံးတွေကိုလဲ သင်တန်းသို့ ယူဆောင်လာပြီး လေ့ကျင့်ခြင်း အတူပြုပြင်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း သိရပါတယ်။

သင်တန်းမှာ၂၀၂၀ ရဲ့ Update ဖုန်းတွေမှာ ဖြစ်လာမယ့် ပြဿနာများ၊ Box Dongle အသုံးချနည်းများ၊ Software Update Model အဖြစ် Oppo Vivo, Huawei, Meizu, Xiaomi, ID Lock, User Lock, Network Lock, Acc Lock , MDM Lock, Frp Lock, Deadboot Fix, Imei Repair , Baseband Fix နဲ့ အခြား Error တွေပါဝင်မှာ ဖြစ်ပြီး Hardware Update Model အဖြစ် Firmware Flashing isp Method & Ufi, Method, Ufi Box Using, EMCP Error , EMCP Only Change, Diagram, No Power နဲ့ အခြား Error စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

နယ်ဝေး သင်တန်းသားများအတွက် အဆောင်ကိုလဲ အခမဲ့ စီစဉ်ပေးထားကြောင်း သိရပါတယ်။ တက်ရောက်လိုပါက MOBILE K.S.E Mobile Phone သင်တန်းကျောင်း ဖုန်း – ၀၉ ၂၅၉ ၄၈၄၀၄၆ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ