တစ်လ ၃ ဒေါ်လာကျသင့်မယ့် Flipboard TV

သတင်းတွေဖတ်ရှုနိုင်မယ့် Flipboard ဟာ Flipboard TV အမည်ရ ဗီဒီယိုဝန်ဆောင်မှု အသစ်ကို ဖြန့်ချိလိုက်ပါတယ်။ Flipboard TV ဟာ Samsung ရဲ့ Galaxy S20 ဖုန်းသစ်တွေမှာ ပါဝင်လာပြီး တစ်လ ၃ ဒေါ်လာ ကျသင့်ပါမယ်။ S20 မှာ Flipboard TV ကို ၃လအထိ အခမဲ့ စမ်းသပ် အသုံးပြုနိုင်ပါမယ်။ နောက်ပိုင်း အခြား Flipboard တွေမှာပါ ဖြန့်ချိသွားပါမယ်။

Fliboard TV မှာပြင်ဆင်ထားတဲ့ သတင်း feed တစ်ခုမှာ ဗီဒီယိုအတိုလေးတွေ ပြသပေးပြီး Flipboard app အတွင်း tab အသစ်တစ်ခု ပါဝင်လာပါမယ်။ အဲဒီ feed မှာသုံးစွဲသူ စိတ်ဝင်စားမှုပေါ်မူတည်ပြီး ဗီဒီယိုတွေကို algorithm နဲ့ပြသပေးပါမယ်။ သုံးစွဲသူတွေက feed မှာပေါ်လာမယ့် topic ဒါမှမဟုတ် သတင်းဌာနလိုမျိုး အခြေခံပြီး ဗီဒီယိုတွေကို follow လုပ်နိုင်ပါတယ်။

Flipboard ဟာ အခမဲ့ app ဖြစ်ပေမယ့် YouTube လိုမျိုး platform တွေကိုယှဉ်ပြိုင်ဖို့ တစ်နေရာထဲမှာ အရည်အသွေးမြင့် ဗီဒီယိုအတိုလေးပြသမယ့် ဝန်ဆောင်မှုအပေါ် ရင်းနှီးမြှုပ်နှံလိုက်ပုံ ရပါတယ်။

စိုးထက်
Ref: TheVerge