တစ်ရက်လုံး အသုံးပြုနိုင်တဲ့ ဒုတိယမျိုးဆက် Pixel Buds 2 ကို Google ပြသ

Google ဟာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ ဒုတိယမျိုးဆက် Google Pixel Buds 2 ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

ပွဲအတွင်းမှာ Google က Pixel Buds 2 ဒီဇိုင်းနဲ့ feature တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ နားကြပ်နဲ့ပတ်သက်ပြီး မိတ်ဆက်တဲ့ အချက်အလက်တွေကတော့ နည်းပါးပါတယ်။ Pixel Buds မှာ အသံနဲ့ထိန်းချုပ်နို်ငတဲ့ Google Assistant လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ မိုဘိုင်းဖုန်းလိုမျိုး သီချင်းထိန်းချုပ်မှုတွေနဲ့ ဘာသာပြန်တာအပြင် အခြားလုပ်ဆောင်ချက်တွေ လုပ်နိုင်ဖွယ်ရှိပါတယ်။

Bluetooth နဲ့ချိတ်ဆက်နိုင်တဲ့ Pixel Buds ဟာ အမေရိကန်ဘောလုံးကွင်းအကွာအဝေးကနေ အထိ ဖုန်းနဲ့ချိတ်ဆက်ထားနိုင်တယ်လို့ Google ကပြောခဲ့ပါတယ်။ နားကြပ်ကို နားထဲလုံခြုံစွာ ထည့်ထားနိုင်ဖို့ fin ဒီဇိုင်းကို အသုံးပြုထားပါတယ်။ နားကြပ်ရဲ့ hybrid ဒီဇိုင်းက သီးခြားဖြစ်မှုကို ပေးစွမ်းနိုင်မှာပါ။

နားကြပ်မှာ ပြင်ပ ပတ်ဝန်းကျင်အသံကို ကြားနိုင်ဖို့ အထူးပြုလုပ်ထားတဲ့ လေဝင်လေထွက်ပေါက် ပါဝင်ပြီး ပတ်ဝန်းကျင် အသံဆူညံမှုအပေါ် မူတည်ပြီး အသံကြားနိုင်အောင် ပြုလုပ်ထားပါတယ်။

ဒါ့အပြင် သုံးစွဲသူက သီချင်းနားထောင်နေတဲ့အချိန် အသံအတိုးအကျယ်ခလုတ်ကို လက်နဲ့ထိစရာမလိုဘဲ ထိန်းချုပ်နိုင်အောင် software နဲ့ပြုလုပ်ပေးထားပါတယ်။Pixel buds 2 ကိုအားတစ်ခါသွင်းရင် ၅ နာရီအထိ အသုံးပြုနိုင်ပြီး ဘက်ထရီ case အပါအဝင် ဘက်ထရီအားပမာဏ ၂၄ နာရီအထိ အသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Pixel Buds 2 ကို ၁၇၉ ဒေါ်လာနဲ့ ၂၀၂၀ ခုနှစ်မှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ Pixel Buds ကိုအနက်၊ အဖြူ၊ အစိမ်းနဲ့ အနက်ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: 9to5Google