တစ်ပတ်အတွင်း ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ထွေလာများ

အခုတစ်ပတ်မှာ စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ရှင်ထွေလာ ၇ ခု ထွက်လာပါတယ်။ အဲဒီထဲမှာ Quibi ကလွှင့်မယ့် ဟာသပညာရှင် ကယ်ဗင်ဟာ့တ်ပါဝင်တဲ့ Die Hart အစီအစဉ်လည်း ပါဝင်လာပါတယ်။ ရုပ်ရှင်ထွေလာတွေကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

AN AMERICAN PICKLE
အမေရိကဆီ ၁၉၂၀ ခုနှစ်မှာ ပြောင်းရွှေ့အခြေစိုက်သူအကြောင်းဖြစ်တဲ့ ဟာသရုပ်ရှင်မှာ ဆတ်ရိုဂန်က အဓိက ပါဝင်ထားတယ်။ ၁၉၀၀ ခုနှစ် အစောပိုင်းမှာ ဖွင့်ထားတဲ့ စက်ရုံမှာ ဆတ်ရိုဂန်က ဝင်ရောက်လုပ်ကိုင်ရင်း အချိန်တစ်ခုမှာ ပိတ်မိပြီး ခေတ်သစ်ကို ရောက်လာပါတယ်။ ခေတ်သစ်မှာတော့ သူ့ရဲ့ မြစ်ဖြစ်သူနဲ့ ဆုံရပါတယ်။ အဲဒီရုပ်ရှင်ကို ဩဂုတ် ၆ ရက်မှာ HBO Max ကနေလွှင့်ပါမယ်။

DIE HART
အခုဇာတ်ကားမှာ ကယ်ဗင်ဟာ့ကိုယ်တိုင်က အက်ရှင်ကြယ်ပွင့်ဖြစ်ဖို့ လေ့ကျင့်ရေးစခန်းဝင်ဖို့ ကြိုးစားပါတယ်။ အစီအစဉ်ကို Quibi မှာ ဇူလိုင် ၂၀မှာ ထုတ်လွှင့်ပါမယ်။

AWAY
အင်္ဂါဂြိုဟ်ဆီ ခရီးထွက်မယ့် အာကာသယာဉ်မှူးအဖြစ် ဟီလာရီဆွမ့်က ပါဝင်ထားပါတယ်။ Away စီးရီးသစ်ကတော့ စက်တင်ဘာ ၄ ရက်မှာ Netflix မှာထွက်ပါမယ်။

I USED TO GO HERE
အားအင်ကုန်ခမ်းနေတဲ့ စာရေးဆရာမက စိတ်ကူးဉာဏ်ပြန်လည်ဆန်းသစ်ဖို့ ကောလိပ်ဟောင်းကို ပြန်လည်သွားရောက်ခဲ့ပါတယ်။ အခုရုပ်ရှင်ကတော့ ဩဂုတ် ၇ ရက်မှာ ထွက်ပါမယ်။

WE ARE WHO WE ARE
Call Me By Your Name ဒါရိုက်တာ လူကာဂွာဒါနီနိုရဲ့ HBO စီးရီးသစ်ဖြစ်ပါတယ်။ စက်တင်ဘာလမှာ စတင်ပြသမယ်လို့ သိရပါတယ်။

SHE DIES TOMORROW
ခြောက်ခြားဖွယ် သည်းထိတ်ရင်ဖို ဇာတ်လမ်းကို အေမီဆိုင်မေ့က ရေးပြီး ရိုက်ကူးထားတာပါ။ အမျိုးသမီးတစ်ယောက်က သေတော့မယ်လို့ ကိုယ်တိုင်ယုံကြည်နေပါတယ်။ သူမစိတ်ကူးကို အနီးအနားက လူတွေကလည်း စယုံလာတယ်။ ရုပ်ရှင်က SXSW ရုပ်ရှင်ပွဲတော်မှာ ချီးကျူးခံထားရပါတယ်။ ဩဂုတ် ၇ ရက်မှာ streaming ဝန်ဆောင်မှုတွေက ထုတ်လွှင့်ပါမယ်။

VALLEY OF THE GODS
ဝါရင့်သရုပ်ဆောင် ဂျွန်မယ်ကိုဗစ်ပါဝင်ထားတယ်။ ရုပ်ရှင်ထွေလာထဲမှာ မြွေလိုမျိုး ဇိမ်ခံမှန်လုံကားလည်း ပါဝင်တယ်။
စိုးထက်
Ref: TheVerge