တစ်နှစ်တာ အကောင်းဆုံး app နဲ့ ဂိမ်းစာရင်း Apple ထုတ်ပြန်

Apple ဟာ နှစ်စဉ်ပြုလုပ်နေကျ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး app နဲ့ဂိမ်းစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ App Store အယ်ဒီတာတွေက app အရည်အသွေး၊ ဖန်တီးမှုဒီဇိုင်း၊ သုံးစွဲမှုပမာဏနဲ့ Apple နည်းပညာ အသုံးပြုမှုတို့ကို အကဲဖြတ်ပြီး ဆုရွေးချယ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွက် အကောင်းဆုံး app ထဲမှာ အိမ်မှာ နေထိုင်စဉ် အသုံးဝင်မယ့် app တွေပါဝင်လာပါတယ်။

ဥပမာ အနေနဲ့ အိမ်မှာနေရင်း လေ့ကျင့်ခန်း လုပ်နိုင်မယ့် Wakeout! က တစ်နှစ်တာ အကောင်းဆုံး iPhone app ဖြစ်ပြီး Zoom ကတော့ တစ်နှစ်တာအကောင်းဆုံး iPad app ရရှိခဲ့ပါတယ်။

Disney+ ကတော့ တစ်နှစ်တာ အကောင်းဆုံး Apple TV app ဆုရရှိခဲ့ပါတယ်။ Google Play ရဲ့ သုံးစွဲသူစိတ်ကြိုက်ကဏ္ဍမှာလည်း အကောင်းဆုံး app ဆုကိုလည်း ရရှိခဲ့ပါတယ်။ Google Play ကလည်း Play Store က အကောင်းဆုံး app စာရင်းကို ထုတ်ပြန်ခဲ့ပါသေးတယ်။

တစ်နှစ်တာ အကောင်းဆုံး iPhone ဂိမ်းကတော့ Genshin Impact (Play Store အကောင်းဆုံး ဂိမ်းဆုလည်း ရရှိခဲ့) ဖြစ်ပါတယ်။ တစ်နှစ်တာအကောင်းဆုံး iPad ဂိမ်း app ကတော့ Legends of Runeterra ဖြစ်သလို Mac အတွက် Disco Elysium, Apple TV အတွက် Dandara Trials of Fear နဲ့ Apple Arcade အတွက် Sneaky Sasquatch ဂိမ်းတို့က ဆုရရှိခဲ့ပါတယ်။

Apple ရဲ့တစ်နှစ်တာ အကောင်းဆုံး Mac app ဆုကိုတော့ Fantastical ကရရှိခဲ့ပါတယ်။

အိမ်ကနေ အလုပ်လုပ်ကြတဲ့ ဘဝနေထိုင်မှုပုံစံကို ရောင်ပြန်ဟပ်တဲ့ app ပါပဲ။ Apple ရဲ့တစ်နှစ်တာအကောင်းဆုံး Watch app ကတော့ Endel ကရရှိခဲ့ပါတယ်။

ဒီနှစ်မှာ ဆုရရှိသူတွေကို ၂၀၂၀ ခုနှစ် အကောင်းဆုံး App Store ဆုတံဆိပ်ကို ပေးသွားပါမယ်။ အဲဒီ ဆုတံဆိပ်မှာ App Store လိုဂိုပါပြီး ၁၀၀ ရာခိုင်နှုန်း ပြန်လည် သန့်စင်နိုင်တဲ့ အလူမီနီယမ်နဲ့ ပြုလုပ်ထားပါတယ်။ ဆုရရှိသူ အမည်ကိုလည်း ရေးထားပါတယ်။ ဒါ့အပြင် Apple က တစ်နှစ်တာ download ပြုလုပ်မှုအများဆုံး app နဲ့ ဂိမ်းတွေကိုလည်း ထုတ်ပြန်ပေးခဲ့ပါတယ်။ အောက်မှာ ဖော်ပြထားပါတယ်။

အခမဲ့ ထိပ်တန်း iPhone App များ

  • ZOOM Cloud Meetings
  • TikTok
  • Disney+
  • YouTube
  • Instagram
  • Facebook
  • Snapchat
  • Messenger
  • Gmail
  • Cash App

အခပေး iPhone app များ

  • TouchRetouch
  • Procreate Pocket
  • Dark Sky Weather
  • Facetune
  • HotSchedules
  • AutoSleep Track Sleep
  • The Wonder Weeks
  • SkyView
  • Shadowrocket
  • Sky Guide

အခမဲ့ iPhone ဂိမ်းများ

  • Among Us!
  • Call of Duty: Mobile
  • Roblox
  • Subway Surfers
  • Ink Inc. – Tattoo Drawing
  • Magic Tiles 3: Piano Game
  • Brain Test: Tricky Puzzles
  • Brain Out
  • Coin Master
  • Cube Surfer!

အခပေး iPhone ဂိမ်းများ

  • Minecraft
  • Plague Inc.
  • Heads Up!
  • Monopoly
  • Bloons TD6
  • Geometry Dash
  • NBA 2K20
  • Grand Theft Auto: San Andreas
  • The Game of Life
  • True Skate

အခပေး iPad app များ

  • ZOOM Cloud Meetings
  • Disney+
  • YouTube
  • Netflix
  • Google Chrome
  • TikTok
  • Amazon Prime Video
  • Gmail
  • Hulu
  • Google Classroom

အခပေး iPad App များ

  • Procreate
  • GoodNotes 5
  • Notability
  • Duet Display
  • Teach Your Monster
  • LumaFusion
  • Affinity Designer
  • Toca Hair Salon 3
  • 9: Toca Life: Hospital
  • Toca Kitchen 2

အခမဲ့ iPad ဂိမ်းများ

  • Among Us!
  • Roblox
  • Magic Tiles 3: Piano Game
  • Ink Inc. – Tattoo Drawing
  • Call of Duty: Mobile
  • Subway Surfers
  • Dancing Road: Color Ball Run!
  • Tiles Hop – EDM Rush
  • Mario Kart Tour
  • Save The Girl!

အခပေး iPad ဂိမ်းများ

  • Minecraft
  • Monopoly
  • Bloons TD 6
  • Plague Inc.
  • Geometry Dash
  • The Game of Life
  • Five Nights at Freddy’s
  • Human: Fall Flat
  • Stardew Valley
  • Terraria

ထိပ်တန်း Arcade ဂိမ်းများ

  • Sneaky Sasquatch
  • Hot Lava
  • Skate City
  • Sonic Racing
  • PAC-MAN Party Royale
  • SpongeBob: Patty Pursuit
  • Oceanhorn 2
  • Crossy Road Castle
  • WHAT THE GOLF?
  • LEGO Brawls

-စိုးထက်
Ref: TechCrunch

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««