တစ်နှစ်တာအကောင်းဆုံး iPhone app အဖြစ်သတ်မှတ်ခံရတဲ့ Spectre Camera

ဒီဇင်ဘာ ၃ ရက်က Apple ဟာ ပထမဆုံးအဖြစ် နှစ်စဉ်ပြုလုပ်သွားမယ့် App Store Best Apps နဲ့ Games ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံး iPhone app ဆုအဖြစ် AI ဓာတ်ပုံ app Spectre Camera ကို ပေးခဲ့ပါတယ်။

Spectre Camera ကို Halide ဓာတ်ပုံ app ဖန်တီးတဲ့ developer ကဖန်တီးခဲ့ပါတယ်။ Halide ဟာ iPhone ပေါ်က ဓာတ်ပုံတွေမှာ long-exposure ရိုက်ကူးနိုင်အောင် machine learning အသုံးပြုထားတဲ့ app ဖြစ်ပါတယ်။ Spectre ကတော့ ၃ စက္ကန့်ကနေ ၉ စက္ကန့်အတွင်း ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံရာပေါင်းများစွာကို ပေါင်းစပ်ပေးပါတယ်။ ညအခါမှာတော့ ကားရဲ့မီးအလင်းကို ဖန်တီးနိုင်မယ့် effect ကိုဖန်တီးနိုင်သလို ပန်းချီကားထဲ ရေလှိုင်းပုံစံလည်း ဖန်တီးနိုင်ပြီး နာမည်ကျော်နေရာတွေက လူများစွာကို ဓာတ်ပုံထဲမှာ ဖယ်ရှားနိုင်ပါတယ်။ ပုံမှန်အတိုင်းဆို အဲလို effect မျိုးရရှိဖို့ DSLR ဒါမှမဟုတ် mirrorless ကင်မရာကို အသုံးပြုရမှာ ဖြစ်ပါတယ်။

အခု app ဟာ သာမန်ဓာတ်ပုံရိုက်ကူးသူတွေ အတွက်လည်း အလွယ်တကူ အသုံးပြုနိုင်တယ်လို့ Spectre Camera ကိုဖန်တီးတဲ့ developer တွေထဲက တစ်ဦးဖြစ်တဲ့ ဘန်ဆာဒိုဘ်စကီးက ပြောပါတယ်။ Spectre ကို ဖေဖော်ဝါရီလအတွင်းက ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ Google Pixel 4 နဲ့ iPhone မှာ မဖြန့်ချိခင် အရောင်နဲ့ အလင်း တိုးတက်လာဖို့ ကင်မရာ hardware ကနေ လုပ်ဆောင်ချက် အကောင်းဆုံးရရှိအောင် ကွန်ပျူတာတွက်ချက်မှုပိုင်းနဲ့ ဒီဂျစ်တယ်လုပ်ငန်းစဉ်များစွာ ဖန်တီးခဲ့ပါတယ်။ Developer တွေအနေနဲ့ iPhone 11 နဲ့ iPhone 11 Pro ပေါ်က ultrawide ကင်မရာကို ထောက်ပံ့ဖို့ Spectre Camera ကိုအဆင့်မြှင့်ခဲ့ပြီး အားသာချက်များစွာ ထည့်သွင်းခဲ့ပါတယ်။

Spectre ကို App Store မှာ ဒေါ်လာ ၂.၉၉ နဲ့ဝယ်ယူနိုင်ပြီး iOS 11 နဲ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

စိုးထက်
Ref: CNET