တစ်နှစ်တာအကောင်းဆုံး မိုးမျှော်တိုက်ဆု ရရှိခဲ့တဲ့ ရုရှား Lakhta Center

အိမ်ခြံမြေ သတင်းအချက်အလက်ရှာဖွေရေး ကုမ္ပဏီ Emporis ကတော့ နှစ်စဉ်ပေးနေကျ တစ်နှစ်တာ အကောင်းဆုံး မိုးမျှော်တိုက်ဆုကို ကြေညာလိုက်ပါတယ်။ အဲဒီ ဆုအတွက် ၂၀၁၉ အတွင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ မိုးမျှော်တိုက် ၇၀၀ ရှိပါတယ်။ နံပါတ်တစ်ကိုတော့ ရုရှားက အကြီးဆုံး Lakhta Center ရရှိသွားပါတယ်။ Lakhta Center ဟာ စိန့်ပီတာစဘတ်မြို့မှာ ရှိပြီး အမြင့်ပေး ၄၆၂ မီတာ (၁,၅၁၆ ပေ) အထိ မြင့်ပါတယ်။

Lakhta Center ကိုတော့ Gorproject နဲ့ RMJM က ပူးပေါင်း ဒီဇိုင်းထုတ်ခဲ့ပါတယ်။ Lakhta Center ဟာ ဥရောပက အရှည်ဆုံးမိုးမျှော်တိုက် ဖြစ်ပြီး ကမ္ဘာပေါ်က ၁၃ ခုမြောက် အရှည်ဆုံး မိုးမျှော်တိုက် ဖြစ်ပါတယ်။ စီမံကိန်းက အလွန်ကြီးမားလှပြီး တည်ဆောက်မှုမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံက လူ ၂၀,၀၀၀ ပါဝင်လာပါတယ်။ အဆောက်အအုံ မျက်နှာစာမှာ မှန်ချပ်ပေါင်း ၁၆,၅၀၅ ချပ်ရှိတယ်။ အဆောက်အဦပုံစံက ခေါင်မိုးချွတ် ပုံစံနဲ့ အနား ၅ ခုရှိပြီး ထိပ်ကနေ အောက်ထိ ရစ်ဆင်းသွားပါတယ်။

အဆောက်အအုံအတွင်းဘက်မှာ ရုံးနေရာလွတ်တွေ ငှားရမ်းနိုင်ပါတယ်။ ဒါ့အပြင် လာရောက်ကြည့်ရှုနိုင်တဲ့ နေရာနဲ့ ဧရိယာပတ်ပတ်လည်ကို အပေါ်စီက မြင်နိုင်တဲ့ စားသောက်ဆိုင်တို့ ပါဝင်လာပါတယ်။

-စိုးထက်
Ref: NewAtlas

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««